ရေးသားသူ Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.
အခုခေတ်မှာ လူတွေဟာ ဝင်ငွေရအောင်ရှာခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကလေးတွေကို စောင့်ရှောက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်တွေကို အစာကျွေးခြင်းနဲ့ အလုပ်ရှုပ်နေကြပါတယ်။ အိမ်အလုပ်တွေနဲ့ အလုပ်အတွက်သာ အချိန်ရှိသလိုဖြစ်နေကြပါတယ်။
ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ တစ်နှစ်မှ နှစ်ကြိမ်သာ ပြုလုပ်တဲ့ ဇိမ်ခံအရာတစ်ခုလိုဖြစ်နေပါတယ်။
ဒါပေမယ့် အခုခေတ် နည်းပညာတွေဟာ လွန်စွာ တိုးတက်လာတာကြောင့် အိမ်မှာနေပြီး ကျန်းမာရေး ကျွမ်းကျင်သူ ဆရာဝန်နဲ့ တိုင်ပင်ခြင်း၊ စာဖတ်ခြင်း၊ စစ်ဆေးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကိုယ်သင် ဂရုစိုက်နိုင်ဖို့အတွက် app ငါးခုနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
ဘယ် app တွေက သင့်ကျန်းမာရေးအတွက် အသုံးဝင်လဲလို့ သင်စဉ်းစားနေနိုင်ပါတယ်။ သူတို့ဟာ သင့်ရဲ့ အင်ဆူလင် ပမာဏ၊ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်တွေကို ပြသပြီး သင့်ဘဝအတွက် အကျိုးရှိစေပါတယ်။
တစ်ခုခု မညီမျှမှုဖြစ်ရင် သင့်ကို သတိပေးပြီး သင့်ရောဂါအခြေအနေ ဆိုးချိန်မှာ လူနာတင်ကားခေါ်ခြင်း၊ ဆရာဝန်ကို ဆက်သွယ်ခြင်းတွေပါ ပြုလုပ်နိုင်ပါတယ်။
WebMD
WebMD ဟာ လူတွေကို ကျန်းမာအောင် ကူညီပေးပြီး အထောက်အကူဖြစ်စေတဲ့ အချက်အလက်များစွာကို ပေးပါတယ်။
တကယ်လို့ သင့်မှာ လက္ခဏာ တိတိကျကျရှိပြီး ဆရာဝန်နဲ့ သွားပြဖို့ အချိန်မရှိဘူးဆိုရင် ဒီ app ထဲမှာ ရေးလိုက်တာနဲ့ သူက သင့်ကို တွက်ချက်ပေးပြီး အချက်အလက်တွေပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ ရောဂါတွေကို ပြသမှာဖြစ်ပါတယ်။ ဒါဟာ လွယ်ကူပေမယ့် သူ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင့်ကိုယ်ခန္ဓာမှာ ဘာဖြစ်နေလဲဆိုတာ သင့်ကို သိစေခြင်းဟာဖြစ်ပြီး ဆေးတွေမသောက်ခင်မှာတော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Micromedex
Micromedex ဟာ သင်သောက်နေတဲ့ဆေးတွေရဲ့ အချက်အလက်တွေကို ပြောပြမှာဖြစ်ပါတယ်။
အသုံးပြုပုံ၊ ဆေးပမာဏ၊ ဆိုးကျိုးတွေကို ပြောပြပေးနိုင်ပြီး သင့်အခြေအနေပေါ်မူတည်ကာ အကြံပြုချက်တွေပါ ပေးနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ၊ ရောဂါတွေနဲ့ အသင့်လျော်ဆုံးဆေးကို ရှာနိုင်ပါတယ်။
Micromedex ဟာ အလွန်စုံတာမို့ လူတိုင်းအလွယ်တကူ ရှာဖွေအသုံးပြုနိုင်ပါတယ်။
Red cross first aid
မတော်တဆမှုတွေဟာ တစ်ချိန်လုံးဖြစ်နေတာမို့ အကောင်းဆုံးနည်းကတော့ပြင်ဆင်ထားဖို့ပဲဖြစ်ပါတယ်။
Red cross first aid ဟာ အရိုးကျိုးခြင်း (သို့) ပန်းနာရင်ကျပ်ထခြင်း အစရှိတာတွေအတွက် ရှေးဦးသူနာပြုစုနည်းတွေကို ဖေါ်ပြပေးပါတယ်။
ဒါ့ပြင် သူ့မှာ သဘာဝ ကပ်ဘေးတွေဖြစ်တဲ့ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ ဆူနာမီ အစရှိတာတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ ဖြစ်လာရင် ဘယ်လိုသိမလဲ၊ ဘယ်လိုကယ်တင်ရမလဲဆိုတာတွေပါ ဖေါ်ပြထားတာဖြစ်ပါတယ်။
Sugar sense
သူဟာ သွေးသကြားဓါတ်ကို မှတ်သားထားပေးပြီး သင့်ကို သကြားဓါတ် လျော့နည်းအောင် သတိပေးကာ ဆိုးလာပြီဆိုရင်လည်း အချက်ပြတာကြောင့် ဆီးချိုရှိသူတွေအတွက် အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။
ဒီ app ထဲကိုအစားအသောက်၊ carb စားသုံးမှုကို ထည့်လိုက်ပြီး စားသောက်ပုံက သင့်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲဆိုတာ တွက်ချက်နိုင်ပါတယ်။
Carezone
လူတွေဟာ အလုပ်ရှုပ်တာကြောင့် တစ်နေ့မှာ ဆေးအချိန်မှန်သောက်ဖို့ ခက်ခဲနိုင်ပါတယ်။
Carezoneကို ဒီပြဿနာကို ဖြေရှင်းဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ ပထမဦးစွာ သင်သောက်နေတဲ့ ဆေးတွေရဲ့ သောက်ပုံနဲ့ ဆေးပမာဏကို ထည့်သွင်းရမှာဖြစ်ပါတယ်။ ပြီးရင်တော့ သင့်ရဲ့ ဓါတ်ပုံတွေထဲက အစီအစဉ်ကိုလည်း ထည့်သွင်းနိုင်ပါတယ်။
ဒီ app က သင်တွေ့ကြုံနေတဲ့ အတွေ့အကြုံတွေနဲ့ လက္ခဏာတွေကို ဆရာဝန်ကိုပြောပြဖို့ မှတ်သားထားနိုင်ပြီး ဆရာဝန်နဲ့ နောက်တစ်ကြိမ်တွေ့ရက်ကိုလည်း သတိပေးနိုင်ပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။