ရီးယဲလ်အသင်း အလိုရှိနေတဲ့ တိုက်စစ်ကစားသမားစာရင်းမှာ ဆန်းချက်ဇ် ပါဝင်

ရီးယဲလ်အသင်း အလိုရှိနေတဲ့ တိုက်စစ်ကစားသမားစာရင်းမှာ ဆန်းချက်ဇ် ပါဝင်
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်ရဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အလိုရှိနေတဲ့ ကစားသမားစာရင်းမှာ အံ့အားသင့်ဖွယ် ပါဝင်လာကြောင်း စပိန်မှ လာတဲ့ သတင်းများအရ သိရပါတယ်။

အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုနှစ်နွေရာသီမှာ အမ်းမရိတ်စ်မှ ထွက်ခွာပြီး မန်ချက်စတာစီးတီးအသင်းကို ရောက်ရှိဖို့ နီးစပါခြ့ပါတယ်။ ချီလီကစားသမားဟာ ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာနဲ့ ပြန်လည်လက်တွဲလိုခဲ့တာပါ။

ဆန်းချက်ဇ်အတွက် ပေါင်သန်း ၆၀ နဲ့ သသောတူညီခဲ့ပေမယ့် အာဆင်နယ်အသင်းဟာ ၎င်းရဲ့နေရာကို အစားထိုးဖို့ ရှာဖွေနိုင်ခဲ့ခြင်းမရှိတာကြောင့် အသင်းမှာ ဆက်ရှိစေခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မယ့် ၎င်းရဲ့ စာချုပ်ကို စာချုပ်သစ် လက်မှတ်ရေးထိုးဖို့ အစီအစဉ်မရှိတာကြောင့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူဟာ တခြားကလပ်အသင်းများနှင့် ဆွေးနွေးနိုင်ပါတယ်။

စပိန်မှ Don Balon ရဲ့ သတင်းအရ မက်ဒရစ်ဥက္ကဌ ဖလော်တီနိုပီရက်ဇ်ဟာ ဆန်းချက်ကို ပစ်မှတ်အဖြစ် လျာထားခဲ့တယ်လို့ ဆိုပါတယ်။

အဲလ်ဗာတို မိုရာတာရဲ့ နေရာမှာ ဆန်းချက်ဇ်ကို အစားထိုးဖို့ ရီးယဲလ်အသင်းက လိုအပ်နေပါတယ်။

ဘန်ဇီမာရဲ့ ဒဏ်ရာဟာ ရီးယဲလ်အသင်းရဲ့ တိုက်စစ်လိုအပ်မှု ပြဿနာကို ဖြစ်ပေါ်စေပြီး ဆန်းချက်ဇ်ကို နည်းလမ်းမျိုးစုံသုံးပြီး ကမ်းလှမ်းပါလိမ့်မယ်။

ရီးယဲလ်အသင်းဟာ တခြား တိုက်စစ်မှူးတွေဖြစ်တဲ့ တီမိုဝယ်နား၊ ဘယ်လော့တီ၊ လီဝန်ဒေါစကီးနှင့် အူဘာမီယန်းတို့ကို ခေါ်ယူဖို့ စောင့်ကြည်လျက်ရှိပါတယ်။

ဒါပေမယ့် ဘာစီလိုနာကစားသမားဟောင်း ဆန်းချက်ဇ်ဟာ စပိန်ကို ပြန်သွားဖို့ အပူတပြင်း ဆန္ဒရှိနေပြီး ရီးယဲလ်အသင်းနှင့် ပူးပေါင်းဖို့ အိမ်မက်တစ်ခုဟာ အမှန်တကယ်ဖြစ်နိုင်ပါလိမ့်မယ်လို့ Don Balon မဂဇင်းက ရေးသားထားပါတယ်။

အသင်းကြီးတစ်သင်းက လာရောက် ကမ်းလှမ်းလာရင် သူ့ကို ထွက်ခွာသွင်းခွင့်ပြုဖို့ သူက လိုလားကြောင်း ဆန်းချက်ဇ်က အာဆင်နယ်အသင်းကို ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဇန်နဝါရီလမှာ အပြောင်းအရွှေ့တစ်ခု ပြုလုပ်မည်ဆိုပါက အဆိုပါခေါ်ယူမှုဟာ ဖြစ်လာဖွယ်ရှိပါတယ်။ ဒါပေမယ့် ပီရက်ဇ်က အာဆင်နယ်ကစားသမားဟာ နည်းပြ ဇီဒန်းအတွက် ဖြေရှင်းပေးနိုင်မယ့် ကစားသမားဖြစ်မှာလားဆိုတာကို စဉ်းစားနေပုံရပါတယ်။

Ref; Daily Star

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly