အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် McConnell က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် McConnell က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ

စက်တင်ဘာ ၁၃ ။           ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ဲတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချပြီး ယင်းအရေးကိစ္စမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ကြွစွာ ဆောင်ရွက်ပေးရေး တိုက်တွန်းတဲ့ အဆိုပြုဆုံးဖြတ်ချက်တစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်က ရီပတ်ဘလစ်ကန်အမတ် John McCain နဲ့ ဒီမိုကရက်တစ်အမတ် Richard Durblin တို့ တင်သွင်းခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးမယ့် အဆိုပြုချက်ကို မိမိအနေနဲ့ မထောက်ခံနိုင်ကြောင်း အမေရိကန် အထက်လွှတ်တော် ဆိနိတ်ရဲ့ ရီပတ်ဘလစ်ကန် အမတ်ခေါင်းဆောင် Mitch McConnell က ထုတ်ပြန်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဝါရှင်တန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဆုံးမတာမျိုးတွေ မလုပ်သင့်ဘူးလို့ McConnell က ဆိုပါတယ်။

" ကျွန်တော်ကတော့ သူမကို ရည်ရွယ်တဲ့ ဒီ resolution ကို မထောက်ခံပါဘူး၊ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သူမဟာ ကျွန်တော်တို့အတွက် အကြီးကျယ်ဆုံး မျှော်လင့်ချက်ဖြစ်တယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်" ဆိုပြီး ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် အများစု ခေါင်းဆောင် McConnell က ပြောသွားပါတယ်။

" ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်မှာတော့ ခုလိုမျိုး အရမ်းကို စိန်ခေါ်မှုတွေ ပြည့်နေတဲ့ အခြေအနေမျိုးနဲ့ သူမ ရင်ဆိုင်နေရချိန်မှာ အမေရိကန်အနေနဲ့ သူမကို သြဝါဒပေး ပြစ်တင်ဆုံးမဖို့ လုပ်တာက ဘာမှ အကူအညီဖြစ်စေမှာမဟုတ်ပါဘူး" ဆိုပြီး McConnell က ဆိနိတ်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင်တွေရဲ့ အပတ်စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly