ကမ္ဘာ့လစာအများဆုံး ကစားသမားတီဗက်ဇ်ကို အဝလွန်နေသည်ဟု ရှန်းဟိုင်းရှန်ဟွာ နည်းပြသစ်ဝေဖန်

ကမ္ဘာ့လစာအများဆုံး ကစားသမားတီဗက်ဇ်ကို အဝလွန်နေသည်ဟု ရှန်းဟိုင်းရှန်ဟွာ နည်းပြသစ်ဝေဖန်

စက်တင်ဘာ ၁၃၊ ရှန်ဟိုင်း ။         ။ ရှန်ဟိုင်းရှန်ဟွာနည်းပြသစ် ဝူကျင်းကွေ့က ကမ္ဘာ့လစာငွေအများဆုံးကစားသမား ကားလို့တီဗက်ဇ်ကို အဝလွန်နေသည်ဟု ဝေဖန်ခဲ့ပြီး ကြံ့ခိုင်မှုမပြည့်ပါက ပထမပွဲထွက်စာရင်းအတွက် ရွေးချယ်မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

တီဗက်ဇ်သည် ပြီးခဲ့သည့်ဒီဇင်ဘာလက ဘိုကာဂျူနီယာမှ ရှန်ဟိုင်းရှန်ဟွာလို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး တစ်ပတ်လစာငွေ ပေါင် ၆၅၀,၀၀၀ ရရှိနေသူ ဖြစ်သည်။ လစာငွေများစွာပေးချေထားရသော်လည်း တီဗက်ဇ်သည် ယခုအချိန်အထိ သွင်းဂိုး ၂ ဂိုးသာ သွင်းယူနိုင်သေးသည်။

နည်းပြ ပိုယက်၏နေရာတွင် အစားဝင်ရောက်လာသည့် ဝူကျင်းကွေ့က “အခုအချိန်မှာ တီဗက်ဇ်ကို ကျွန်တော်ရွေးချယ်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ကြံ့ခိုင်မှုက အဆင်သင့်မဖြစ်သေးလို့ပါ။ တီဗက်ဇ်နဲ့ဂွါရင်က ဝိတ်တက်နေပါတယ်။ အသင်းနဲ့ကစားသမားတွေ အားလုံးအကောင်းဆုံးဖြစ်စေဖို့ ကျွန်တော့်မှာ တာဝန်အပြည့်အ၀ ရှိပါတယ်။

ကစားသမားတွေအနေနဲ့ကစားဖို့ ကြံ့ခိုင်မှုမပြည့်ဘူးဆိုရင် ကျွန်တော်ရွေးချယ်မှာ မဟုတ်ပါဘူး။ ထိပ်တန်းကစားသမားတွေအများကြီးကို ကျွန်တော်နည်းပြဖူးပါတယ်။ နာမည်ကျော်ကြားမှုကိုကြည့်ပြီး ဘယ်တုန်းကမှ မရွေးချယ်ခဲ့ပါဘူး” ဟု ဆိုသည်။

ရှန်ဟိုင်းရှင်ဟွာအသင်းက Henan Jianye အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးခဲ့သည့်ပွဲတွင် ရှန်ဟိုင်းပရိသတ်များက တီဗက်ဇ်ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြသည်။

ရည်ညွှန်း ဒေလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly