ချန်ပီယံလိဂ်အဖွင့်ပွဲမှာ အသင်းကြီးအားလုံး ဂိုးပြတ်အနိုင်ရ

ချန်ပီယံလိဂ်အဖွင့်ပွဲမှာ အသင်းကြီးအားလုံး ဂိုးပြတ်အနိုင်ရ

၂၀၁၇-၁၈ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွကို စက်တင်ဘာလ ၁၃ ရက်နေ့က စတင်ယှဉ်ပြိုင်ခဲ့ကြရာမှာ အသင်းကြီးတွေ အားလုံး ဂိုးပြတ်အနိုင်ရခဲ့ကြပါတယ်။

မန်ယူအသင်းက ဆွစ်ဇာလန်ကလပ်ဘေဆယ်ကို ၃ ဂိုး၊ ဂိုးမရှိ၊ ချယ်လ်ဆီးအသင်းက အဇာဘိုင်ဂျန်ကလပ် ကွာရာဘတ်အသင်းအကို ၆ ဂိုး၊ ဂိုးမရှိ၊ ပီအက်စ်ဂျီအသင်းက ဆဲလ်တစ်အသင်းကို ၅ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ကြပြီး ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဘာစီလိုနာအသင်းက ၃ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။

ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းကလည်း ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းကို အိမ်ကွင်းမှာ သုံးဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ရိုးမားနဲ့အက်သလက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဘယ်သူမှ ဂိုးမသွင်းနိုင်ကြပဲ ဂိုးမရှိသရေကျခဲ့ရပါတယ်။

အခြားပွဲစဉ်တွေမှာတော့ စီအက်စ်ကေအေက ဘင်ဖီကာကို အဝေးကွင်းမှာ ၂ ဂိုး၊ ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး အိုလံပီယာကော့စ်အသင်းက စပို့တင်းလစ္စဘွန်းအသင်းကို အိမ်ကင်းမှာ ၃ ဂိုး၊ ၂ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ဒီအဖွင့်ပွဲစဉ်တွေမှာ လူကာကူ၊ နေမာ၊ ကာဗာနီ၊ အမ်ဘတ်ပီ၊ မက်ဆီ၊ ဇာပါကော်စတာနဲ့ ဘတ်ရူအာယီတို့က သူတို့အသင်းတွေအတွက် ခြေစွမ်းပြကစားခဲ့ကြပါတယ်။

ယနေ့ညမှာတော့ လက်ရှိချန်ပီယံရီးယဲလ်၊ လီဗာပူးလ်၊ မန်စီးတီး၊ စပါး၊ ဒေါ့တ်မွန် စတဲ့ အသင်းကြီးတွေ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly