Shop.com.mm

ရခိုင်အရေးကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် ၈၈မျိုးဆက်အကြံပြု

.

ရန်ကုန်၊စက်တင်ဘာ၁၃ ။          ။ ရခိုင်ပြည်နယ်အရေးကိစ္စကို ကိုင်တွယ်ရာတွင် အစိုးရအနေဖြင့် ထိရောက်မှုရှိသည့်အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်ကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်က ယနေ့ အကြံပြုသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သတ်၍ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းလေ့လာခဲ့သည်များကို ပြန်လည်ရှင်းလင်းပြသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ခြင်းဖြစ်သည်။

"တကယ်ခံစားနေရတဲ့ ရွာတွေမှာက သူတို့ရှေ့မှာ မားမားမတ်မတ်ရှိနေတာ လိုချင်တာ။ အခုကလာလာတိုက်သွားပြီးတော့မှ အနောက်ကနေ လိုက်လံရှင်းလင်းလျက်ရှိသည် ဆိုတာကြီးကကြာပြီဗျ ။ လာပြီးကျုးကျော်တိုက်ခိုက်သူများအား ကြိုတင်စီစဉ်ပြီးတော့ ခုခံနိုင်ခဲ့သည် ဖမ်းဆီးနိုင်ခဲ့သည်ဆိုတာမျိုး မတွေ့ရဘူး။ သိပ်လည်းနည်းပါတယ်နော်။ အဲဒီဟာက အရေးကြီးတယ်လို့ ကျွန်တော်တို့အောက်မေ့တယ်" ဟု  ဦးမင်းကိုနိုင်က ပြောခဲ့သည်။

လုံခြုံရေးကို အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်ပြီး လုံခြုံရေးအဖွဲ့အစည်းနှင့်ပြည်သူများပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း သူကဆက်ပြောသည်။

"ပြည်သူလူထုတစ်ရပ်လုံးကလည်း လက်ရှိအစိုးရနဲ့ တစ်သားတည်ရပ်တည်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေပြင်အခြေအနေတွေကိုပြန်ပြီးကြည့်၊ မြေပြင်အခြေအနေနဲ့ အပေါ်ကတော့ ဘယ်လိုညွှန်ကြားထားတယ်ဆိုတဲ့ဥစ္စာ အဲဒီစာနဲ့ကွာဟနေတာတွေ့ရတယ်"ဟု ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုဂျင်မီက ဆိုသည်။

သြဂုတ်လ၂၅ရက်မှ စတင်ကာရခိုင်ပြည်နယ်တွင် အစွန်းရောက်အကြမ်ဖက်များ၏ တိုက်ခိုက်မှုများ တကြော့ပြန် စတင်လာခဲ့သည်။

ရဲစခန်းရဲကင်းများ၊ ကျေးရွာများကိုတိုက်ခိုက်မှုများပြုလုပ်ခံခဲ့ရပြီး လက်လုပ်မိုင်းများ၊ လုပ်သေနက်များကို အကြမ်းဖက်များမှ အသုံးပြုလာကြသည်။

၎င်းဖြစ်စဉ်များမှ အကြမ်းဖက် သမား (၃၇၁) ဦး အသေဖမ်းဆီးရမိကာ (၃၈) ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ အစိုးရ၏ထုတ်ပြန်ချက်မျာဒအရ သိရသည်။