ပျုခေတ်ပုံစံဟာသဇာတ်ကားဖြစ်တဲ့ အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်မည်

ပျုခေတ်ပုံစံဟာသဇာတ်ကားဖြစ်တဲ့ အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်မည်

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ။         ။ ၂၀၁၅ ခုနှစ်ကတည်းက ရိုက်ကူးပုံဖော်ထားသည့် အော်တိုဘုရင် ရုပ်ရှင် ဇာတ်ကားကြီးကို လာမည့် အောက်တိုဘာလတွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင် ရုံတင်ပြသတော့မည် ဖြစ်သည်။

အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားသည် ဟာသဇာတ်ကား ဖြစ်ပြီး ပျူခေတ် နှင့် ပုဂံခေတ်ကြား ရှေးဘုရင်ခေတ် ပုံစံ ဇာတ်ကားကို မင်းသား ၊ မင်းသမီး အပြင် ဟာသသရုပ်ဆောင်များဖြင့် ဒါရိုက်တာက ရိုက်ကူးတင်ဆက် ထားသည်။

အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားထဲတွင် နဂါးမင်းသား နေရာ၌ ကျော်ကျော်ဗို၊ မိဖုရားကြီး နေရာတွင် အိချောပို ၊  မှူးမတ်နေရာများတွင် သရုပ်ဆောင် မေတ္တာ၊ မန်းဝင်း၊ သီးလေးသီး၊ ငှက်ပျော်ကြော်၊ ကံပွင့်၊ ငြိမ်းချမ်း စသည့် ဟာသသရုပ်ဆောင် များလည်း ပါဝင်သရုပ်ဆောင်ထားကြသည်။

 ထို ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ ညီညီထွန်းလွင် မှ ရိုက်ကူးထားပြီး တွဲဖက် ဒါရိုက်တာ သြရသ ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း ညီညီထွန်းလွင် ၊ မြင့်သန်းအောင်တို့  ဖြစ်သည်။

 ဇာတ်ကား အတွက် ကြိုတင် ပြင်ဆင်မှုကို ၁လခွဲ ၂လ ကြာ ပြုလုပ် ခဲ့ပြီး ဇာတ်ကားတွင် ဆက်တင် (ဇာတ်ကွက် အလိုက် ပြင်ဆင်မှု) တော်တော် များများ အသုံးပြုထားပြီး Animation အသုံးပြုမှုတွေလည်း ပါဝင် ကာ နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား စတူဒီယို၌ ရက် ၂၀ကြာ သွားရောက် ရိုက်ကူး ထားသည့် ရုပ်ရှင် ဇာတ်ကား လည်း  ဖြစ် သည်။

 

အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားကြီးသည် Bo Bo Film Production ၏ ပထမဆုံး ပွဲဦးထွက် ရိုက်ကူးထား သည့် ရုပ်ရှင်ဖြစ်ပြီး အချိန် ၂နှစ်ကျော်ကြာမှ ရုံတင်ပြသခွင့် ရသည့် ရုပ်ရှင်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly