Netflix ၏ ဒရာမာဇာတ်လမ်းတွဲ၌ သရုပ်ဆောင်ရမည့်အခွင့်အရေးကို ဆောင်ဂျွန်ကီပယ်ချ

Netflix ၏ ဒရာမာဇာတ်လမ်းတွဲ၌ သရုပ်ဆောင်ရမည့်အခွင့်အရေးကို ဆောင်ဂျွန်ကီပယ်ချ

တောင်ကိုရီးယားမင်းသား ဆောင်ဂျွန်ကီသည် Netflix ၏ ဒရာမာဇာတ်လမ်းတွဲ “Kingdom” အပါအဝင် အခြား ဇာတ်လမ်းအများအပြား၌ သရုပ်ဆောင်ရမည့် ကမ်းလှမ်းမှုများအားလုံးကို ပယ်ချခဲ့ပြီး မင်းသမီးဆောင်းဟေကို နှင့် လက်ထပ်မည့်အစီအစဉ်ကိုသာ အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့ တွင် သတင်းများ၌ ဖော်ပြခဲ့သည်။

မင်းသား၏အေဂျင်စီဖြစ်သော Blossom Entertainment က “ ဆောင်ဂျွန်ကီဟာ Kingdom ဇာတ်လမ်းမှာ မပါဝင်တော့ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါကြောင့်သူနောက်ထပ် ဘယ်ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် မယ်ဆိုတာကို အတည်ပြုလို့မရသေးပါဘူး” ဟု ကြေညာခဲ့သည်။

Kingdom ဒရာမာဇာတ်လမ်း၏ တာဝန်ရှိသူများက “ သရုပ်ဆောင်မယ့် စာရင်းအပြည့်အစုံကိုရရှိတာနဲ့ ကျနော်တို့ ရိုက်ကူးရေးတွေစတင်ပါမယ်။ နဂိုက စက်တင်ဘာလမှာ ရိုက်ကူးရေးစတင်သွားမလို့ပါပဲ။ ဒါပေမယ့် အရည်အသွေးကို မြှင့်တင်ချင်တာနဲ့ပဲ အချိန်ယူနေရတာဖြစ်ပြီး အောက်တိုဘာလအထိ မစနိုင်သေးပါဘူး” ဟု ပြောဆိုခဲ့သည်။

Kingdom သည် Netflix ၏ မူပိုင်ဇာတ်လမ်းတွဲဖြစ်ပြီး ထိုဇာတ်လမ်းကို Signal ဇာတ်လမ်းတွဲအား ရေးသား သည့် ကင်မ်အန်ဟီးက ဖန်တီးထားခြင်းဖြစ်သည်။ ထိုဇာတ်လမ်းတွဲကို ရာနှုန်းပြည့်ရိုက်ကူးမှု ပြီးစီးသွားသည့် အခါမှသာ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် ထုတ်လွှင့်သွားရန် စီစဉ်ထားသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly