Star Wars: Episode IX ဇာတ်ကားကို ဂျေဂျေအေဘရမ် ရိုက်ကူးမည်

Star Wars: Episode IX ဇာတ်ကားကို ဂျေဂျေအေဘရမ် ရိုက်ကူးမည်

လွန်ခဲ့သော ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့သည့် The Force Awakens ဖြင့် စတားဝါးခေတ်သစ်ကို ပြန်လည် တည်ထောင်နိုင်ခဲ့သော ဒါရိုက်တာဂျေဂျေအေဘရမ်သည် ယခုအခါတွင် စတားဝါးဇာတ်ကားသစ် Star Wars: Episode IX ကို ဦးဆောင်ရိုက်ကူးတော့မည်ဖြစ်သည်။

Lucasfilm ရုပ်ရှင်ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ကတ်သ်လင်းကနေဒီက “ ကျမတို့အားလုံးမျှော်မှန်းနိုင်တဲ့ အရာမှန် သမျှကို ဂျေဂျေအေဘရမ်က ယူဆောင်ဖန်တီးနိုင်ပါခဲ့ပါတယ်” ဟု ပြောခဲ့ပြီး စတားဝါးဇာတ်ကားများကို ဂျေဂျေက တကျော့ပြန်ရိုက်ကူးပေးရန် သဘောတူခဲ့သည့်အတွက် သူမက စိတ်လှုပ်ရှားဝမ်းသာလျက်ရှိသည်။

ဂျေဂျေအေဘရမ်သည် လွန်ခဲ့သောလက Star Wars: Episode IX ဇာတ်ကား ရိုက်ကူးရေးမှ နှုတ်ထွက်သွားခဲ့ သော ဒါရိုက်တာကောလင်းထရိဗိုရိုး၏နေရာ၌ အစားဝင်ရိုက်ကူးမည်ဖြစ်သည်။ ဒါ့အပြင် ဒါရိုက်တာအခက်အခဲ များကြောင့် စတားဝါးဇာတ်ကားသစ် ထွက်ရှိမည့်ရက်ကို ၆လခန့် နောက်ဆုတ်လိုက်ရပြီး ၂၀၁၉ ဒီဇင်ဘာလ၌ ရုံတင်ပြသသွားရန် စီစဉ်ထားသည်။

စတားဝါးဇာတ်ကားသစ်ကို ခရစ္စတာရီယိုက အေဘရမ်နှင့်အတူ ဇာတ်ညွှန်းပူးတွဲရေးသားမည်ဖြစ်သည်။ ခရစ္စ သည် Argo ဇာတ်ကားဖြင့် လွန်ခဲ့သော ၂၀၁၃ ခုနှစ်က အော်စကာဆု ဆွတ်ခူးခဲ့သူဖြစ်ပြီး Dawn of Justice နှင့် Justice League တို့ကဲ့သို့သော စူပါဟီးရိုး ဇာတ်ကားများကိုလည်း ဇာတ်ညွှန်းရေးသားပေးခဲ့သူဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags