အစိုးရအနေဖြင့် တိုင်းပြည်အရေး ကိစ္စများဖြေရှင်းရာတွင် နိုင်ငံရေးပါတီများ၏ အကြံဉာဏ်ကိုရယူသင့် ဟုဆို

အစိုးရအနေဖြင့် တိုင်းပြည်အရေး ကိစ္စများဖြေရှင်းရာတွင် နိုင်ငံရေးပါတီများ၏ အကြံဉာဏ်ကိုရယူသင့် ဟုဆို

ရန်ကုန်၊ သြဂုတ် ၁၃ ။           ။ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် ပါတီစုံစနစ်ကို လေးစားလိုက်နာသည့်အနေဖြင့် တိုင်းပြည်အရေးကိစ္စများ   ဖြေရှင်းရာတွင် နိုင်ငံရေးပါတီများ၏ အကြံဉာဏ်ကိုရယူသင့်သည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီ (NNDP) ဥက္ကဌ ဦးသိန်းညွှန့်ကပြောဆို လိုက်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှဦးဆောင်ပြီးနိုင်ငံရေး ၂၉ ပါတီပါဝင်ခဲ့သည့် " အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ " နှင့်ပက်သက်ပြီး စက်တင်ဘာ ၁၂ ရက် က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြော ဆိုလိုက်ခြင်းဖြစ်သည်။

" အခြေခံဥပဒေမှာပြဌာန်းထားတဲ့ အခြေခံမူဖြစ်တဲ့ ပါတီစုံစနစ်ကို လေးစားလိုက်နာဖို့ ဂတိသစ္စာပြုထားတယ်။ အဲ့ဒီ့အချက်တွေကြောင့် နိုင်ငံရေးပါတီတွေရဲ့အကြံညဏ်ကို ရယူပြီးတော့ ကြိုက်ရင်သုံး၊ မကြိူက်ရင်မသုံးနဲ့ပေါ့။ ဒါ အစိုးရရဲ့လုပ်ပိုင်ခွင့်ပဲ " ဟု ဦးသိန်းညွှန့်ကဆိုသည်။

ပြသာနာများကိုဖြေရှင်းနိုင်ရန် နိုင်ငံရေးပါတီများမှ ကာ/ လုံ အစည်းအဝေးခေါ်ယူပေးရန်နှင့် အကြမ်းဖက်ဥပဒေဖြင့် အကြမ်းဖက်သမားများကိုအရေး ယူပေးရန် အစိုးရကိုတိုက်တွန်းနေသည်မှာလည်း ၁ နှစ်နီးပါးရှိနေပြီဖြစ်ကြောင်း လည်း သူဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် (NPA) ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင် က " အတိုက်အခံအ တိုက်ခံ လို့ပြောတဲ့အခါမှာ ကျွန်တော်တို့ အခုလုပ်နေတာက ဆန့်ကျင်ချင်လို့ဆန့်ကျင်နေတာမဟုတ်ဘူး။ ပြည်ထောင်စုအရေးကို ကျွန်တော်တို့ မြင်တဲ့ ရှု့ထောင့်ကနေ ပြောနေတာ။ လွန်ခဲ့တဲ့ ၉လက အကြမ်းဖက်ဥပဒေနဲ့ အရေးယူဖို့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ စစ်အုပ်ချုပ်ရေး သွားမယ်ဆိုလို့ရှိရင် ဒီလောက် ဆုံးရှုံးမှုတွေကြီးမှာမဟုတ်ဘူး။ အခုဆုံးရှုံးသွားတာက ဒေသမှာရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေပဲ။ သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်တွေပဲ " ဟု ပြောသည်။

ယခုအချိန်တွင် နိုင်ငံရေးပါတီများအနေဖြင့် ပြည်တွင်း/ ပြည်ပ အန္တရယ်များအကြောင်း ဆွေးနွေးပြီး တွေ့ရှိချက် များဖြင့် အစိုးရကိုတိုက်တွန်းနေသည်မှာ နိုင်ငံတော်နှင့်   ပြည်သူတို့၏ အကျိုးအတွက်သာဖြစ်ကြောင်း ၎င်းကပြောသည်။

ယခင် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် နိုင်ငံရေးပါတီများနှင့် အစိုးရတို့ လယ်တောအိမ်ယာ၊ တိုင်းလွှတ်တော်တချို့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ဖူးကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required