အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ရွိုင်းဟော့ဆန်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြသစ်အဖြစ် နှစ်နှစ်စာချုပ်,ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
တနလာၤနေ့က ခရစ္စတယ်ပဲလေ့စ်က ဒတ်ချ်လူမျိုးနည်းပြ ဖရန့်ဒီဘိုးဝါးကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ရွိုင်းဟော့ဆန်ကို ၎င်းနေရာမှာ အစားထိုးခဲ့တာဖြစ်ပါတယ်။
နည်းပြ ဒီဘိုးဝါးဟာ ပဲလေ့စ်အသင်းကို ၇၇ ရက်ကြာ ၄ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ဘန်လေအသင်းအား အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာပင် ရာထူးမှ ထုတ်ပယ်ခံရတာလည်းဖြစ်ပါတယ်။ http://www.mizzimaburmese.com/article/31893
အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဟော့ဆန်ဟာ ယူရို ၂၀၁၆ ပြိုင်ပွဲ ၁၆ အသင်းရှုံးထွက်အဆင့်မှာ အိုက်စလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်နည်းပြအဖြစ်မှ နှုတ်ထွက်သွားခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပါတယ်။
ရွိုင်းဟော့ဆန် ရင်ဆိုင်ရမယ့် ပထမဆုံးပွဲကတော့ အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းနဲ့ တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပါတယ်။
ဟော့ဆန်ဟာ အင်္ဂလန်အသင်းနှင့် ဖူလ်ဟမ်အသင်းတို့မှာ အတူလက်တွဲခဲ့ဖူးတဲ့ ရေးလီဝယ်တန်ကို လက်ထောက်နည်းပြအဖြစ် ခေါ်ယူခဲ့ပါတယ်။
ဟော့ဆန်ဟာ ကစားသမားဘဝအစကို ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဘလက်ဘန်း၊ ဖူလ်ဟမ်၊ လီဗာပူးလ်နှင့် ဝက်စ်ဘရွန်းအသင်းတွေမှာ နည်းပြခဲ့ဖူးပါတယ်။
Ref; BBC