Face ID ပါဝင်လာတဲ့ ဒေါ်လာ ၁၀၀၀ တန် iPhone X ထွက်ရှိလာ

Face ID ပါဝင်လာတဲ့ ဒေါ်လာ ၁၀၀၀ တန် iPhone X ထွက်ရှိလာ
iPhone X  (ဓာတ်ပုံ - အီးပီအေ)

iPhone မျိုးဆက်သစ်တွေဖြစ်တဲ့ iPhone 8, 8 Plus နဲ့ iPhone X တို့ ထွက်ရှိလာခဲ့ပြီး အဓိကပြောင်းလဲမှုကြီးတွေ ပြုလုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ iPhone 8, 8 Plus ရဲ့ဒီဇိုင်းကတော့ iPhone 7 နဲ့ပုံစံတူဖြစ်ပြီး ဖုန်းရဲ့ နောက်ဘက်ခြမ်း ဒီဇိုင်းကတော့ ဖန်သားပြင်နဲ့ ဖြစ်သွားပါတယ်။ Phone X မှာတော့ ဒီဇိုင်းပိုင်းအရရော feature တွေအရပါ ပြောင်းလဲမှုက အတော်လေးကို သိသာထင်ရှားတာကို တွေ့ရပါတယ်။

iPhone X ရဲ့ ဒီဇိုင်းကတော့ မထွက်ခင်ကာလက သတင်းထွက်ခဲ့တဲ့အတိုင်း Home button ခလုတ် မပါတော့ဘဲ facial recognition လို့ခေါ်တဲ့ Face ID နှင့် Screen မျက်နှာပြင်ပြည့် ဒီဇိုင်းနဲ့ ထွက်ရှိလာပြီး တန်ဖိုးမှာတော့ ဒေါ်လာ ၉၉၉ ဖြစ်ပါတယ်။

iPhone X - ဓာတ်ပုံ - အီးပီအေ

iPhone 8,8 Plus တို့မှာ Home Button ပါဝင်ဆဲပဲဖြစ်ပါတယ်။

Home Button မပါဝင်တော့တဲ့ iPhone X မှာ main screen ကို ပြန်သွားချင်တဲ့အခါ Display ရဲ့အောက်ခြေနားကနေ အပေါ်သို့ ဒေါင်လိုက် Slide ဆွဲပြီးလုပ်ရမှာဖြစ်ပါတယ်။ Siri ကို ဘေးခလုတ်ကနေပြီး activate လုပ်နိုင်မှာဖြစ်သလို Home screen နဲ့  app ကနေ ထွက်ချင်ရင်လည်း slide gesture ကို အသုံးပြုရမှာဖြစ်တာကြောင့် အလွန်လွယ်ကူပါတယ်။

အင်္ဂါနေ့က ကယ်လီဖိုးနီးယားပြည်နယ် ကူပီတီနိုမြို့ရှိ  Apple ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ Apple ရဲ့ iPhone ထုတ်လုပ်တဲ့ ၁၀ နှစ်ပြည့် အထူးအခမ်းအနားပွဲကို ကျင်းပခဲ့ပြီး Apple ထုတ်ကုန်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - အီးပီအေ

Face ID နည်းပညာဟာ Touch ID စနစ်ကို အစားထိုးလိုက်တာဖြစ်ပြီး အသုံးပြုသူရဲ့ မျက်နှာကို password အဖြစ် ပြောင်းလဲပေးမှာဖြစ်ရာ အသုံးပြုသူဟာ မျက်မှန်တပ်ဆင်ထားတာ၊ ဦးထုပ်ဆောင်းထားတာဖြစ်စေ ၎င်းက မှတ်မိပါလိမ့်မယ်။

Facial recognition နည်းပညာအသစ်မှာ Apple Pay စနစ်ပါဝင်ပြီး animoji လို့ခေါ်တဲ့ လူရဲ့မျက်နှာသွင်ပြင်မှာ ဖြစ်ပေါ်နေတဲ့အတိုင်း ပုံဖော်ပေးနိုင်တဲ့ သက်ဝင်လှုပ်ရှားမှုရှိတဲ့ emoji လေးတွေပါ ပါဝင်လာပါတယ်။

iPhone X မှာတော့ Super Retina Display ကိုအသုံးပြုထားပါတယ်။ Super Retina Display ဟာ ၅.၈ လက်မအရွယ် OLED panel display ဖြစ်တာကြောင့် ဖုန်းရဲ့ မျက်နှာပြင်တစ်ခုလုံးနီးပါးကို အသုံးပြုနိုင်ပြီး Screen resolution အနေနဲ့ 2436 x 1125 နဲ့ 458 pixels per inch ဖြစ်ပါတယ်။

iPhone 8 Plus (L) and iPhone 8 (R) - ဓာတ်ပုံ - အီးပီအေ

iPhone 8,8 Plus နဲ့ iPhone X တွေရဲ့ ဘက်ထရီတွေဟာ အရင် iPhone 7 တွေထက် နှစ်နာရီကြာရှည်ခဲ့မှာဖြစ်ပြီး ကြိုးမဲ့အားသွင်းနိုင်မှာဖြစ်ပါတယ်။ Air Power ကိုတော့ လာမယ့်နှစ်မှာ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

iPhone X မှာ ကင်မရာပိုင်းအနေနဲ့ ဖုန်းနောက်ဘက်ခြမ်းမှာ dual 12-megapixel ကို တပ်ဆင်ထားပြီး dual optical image stabilization လည်းပါဝင်ပါတယ်။ တခြားတိုးတက်မှုကတော့ အထူးသဖြင့် selfies ဆွဲဖို့အတွက် ဒီဇိုင်းရေးဆွဲထားတာပဲဖြစ်ပါတယ်။

Apple iPhone 8 - ဓာတ်ပုံ - အီးပီအေ

Phone အသစ်ဟာ 64 GB နဲ့ 256 GB စတဲ့ Storage ဗာရှင်း နှစ်မျိုးနဲ့ ထွက်ရှိလာပါလိမ့်မယ်။

iPhone 8, iPhone X တို့ဟာ ရေစို၊ ရေစိမ်ခံ စမတ်ဖုန်းတွေဖြစ်ပြီး Speaker တွေကို ဖုန်းရဲ့ အပေါ်ဘက်ခြမ်းနဲ့ အောက်ဘက်ခြမ်းမှာ ထည့်သွင်းပေးထားပါတယ်။

ဓာတ်ပုံ - အီးပီအေ

iPhone 8 နဲ့ X ဟာ LTE Advanced နဲ့ Bluetooth 5.0 နည်းပညာလည်း ပါဝင်ပြီး Apple ရဲ့ နောက်ဆုံးထွက် iOS 11 နဲ့ ထွက်လာမှာဖြစ်ပါတယ်။

iPhone X ကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ကြိုတင်မှာယူထားနိုင်ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ နိုင်ငံပေါင်း ၅၀ ကျော်မှာ ရောင်းချပေးသွားဖြစ်တာကြောင့် iPhone ဗာရှင်းသစ်တွေကို ပုံမှန်ထက် ပိုပြီး အချိန်ကြာရှည်စွာ စောင့်ရအုံးမှာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags