၇ကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်ပွဲ ကျင်းပ

၇ကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ။            ။ ၇ကြိမ်မြောက် ကျင်းပပြုလုပ်သည့် ဝဿန်ရုပ်ရှင်ပွဲတော် ကို စက်တင်ဘာ ၆ရက်မှ ၁၁ရက် အထိ ဝဇီရာရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပိတ်ပွဲအခမ်းအနား နှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၁၁ရက်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဝဿန်ရုပ်ရှင်ပွဲတော် ကို ၂၀၁၁ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ ယခုအခါတွင် ၇ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ရုပ်ရှင်ပွဲတော် အတွက် လာရောက်လျှောက်ထားကြသည့် ပြိုင်ပွဲဝင် ဇာတ်ကားများထဲမှ ဇာတ်ကား ၂၀ကျော်ကို ရွေးချယ်ပြီး ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သည်။

ထိုရုပ်ရှင်ပွဲတော်တွင် Best Documentary Award ၊ Best Short Film ၊ New Vision Award ဆုတွေ အပြင် မနှစ်က စတင်ပြီး ချီးမြှင့်ခဲ့သည့် အကောင်းဆုံး သရုပ်ဆောင်ဆု ၊ ပရိတ်သတ်အကြိုက်ဆုံးဆု တို့ကို ရွေးချယ် ချီးမြှင့်ခဲ့သည်။

အကောင်းဆုံး သရုပ်ဆောင်ဆု ကို Ok I’m Fine and Awakening တွင် ပါဝင် သရုပ်ဆောင် ထားသည့် ကလေးသရုပ်ဆောင် ပြည့်ပြည့် မှ ရရှိခဲ့သည်။ Audience Award (ပရိသတ်အကြိုက်ဆုံးဆု) အတွက် မဲအများဆုံး ရရှိထားသည့် ဇာတ်ကား ၃ကား ထဲမှ တစ်ကားဖြစ်သည့် သားရှင်ပြု ၊ မေတ္တာရောင်စဉ်တန်းများ ၊ Miss Or Miss ဇာတ်ကား ၃ကားထဲမှ ဒါရိုက်တာ Wai Yum ရိုက်ကူးထားသည့် Miss Or Miss ဇာတ်ကားမှ ရရှိခဲ့သည်။

ထိုဆု ၂ဆု အပြင် New Vision Award ကို ဒါရိုက်တာ Sai Kong Kham ရိုက်ကူးထားသည့် Train documentary Film မှ ရရှိခဲ့သလို ၊ Best Short Film Award ကို ဒါရိုက်တာ Edo Vader ရိုက်ကူးသည့် သားရှင်ပြု animation film မှ ရရှိခဲ့ပြီး Best Documentary Film ဆုကိုတော့ ဒါရိုက်တာ နှင်းပပစိုး ရိုက်ကူးထားသည့် A Simple Love Story documentary film မှ ရရှိခဲ့သည်။

ယခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဝဿန်ရုပ်ရှင်ပွဲတော်တွင် S-Express Program အစီအစဉ် ၌ ထိုင်းနိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ ၊ မလေးရှားနိုင်ငံ ၊ ဖိလစ်ပိုင်နိုင်ငံ ၊ စင်္ကာပူနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ တို့မှ ဇာတ်လမ်းတို ရုပ်ရှင် များကိုလည်း ပြသပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly