Wonder Woman ၏ နောက်ဆက်တွဲရုပ်ရှင်ကို ပတ်တီဂျန်ကင်စ်ရိုက်ကူးမည်

Wonder Woman ၏ နောက်ဆက်တွဲရုပ်ရှင်ကို ပတ်တီဂျန်ကင်စ်ရိုက်ကူးမည်

 

၂၀၁၇ ခုနှစ်၏အပေါက်ဆုံး စူပါဟီးရိုးဇာတ်ကားဖြစ်သည့် Wonder Woman ၏ နောက်ဆက်တွဲရုပ်ရှင်သည် လာမည့် ၂၀၁၉ ခုနှစ်၌ ထွက်ရှိသွားမည်ဖြစ်ပြီး ထိုရုပ်ရှင်ကို ဒါရိုက်တာ ပတ်တီဂျန်ကင်စ်ကပင် ထပ်မံ၍ ရိုက်ကူးဦးမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၄၆နှစ်အရွယ်ရှိ ဂျန်ကင်စ်သည် ၂၀၁၉ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စတင်ပြသသွားမည့် Wonder Women 2 ရုပ်ရှင်အတွက် အစ္စရေးမင်းသမီး ဂယ်လ်ဂါဒေ့ါနှင့် ထပ်မံလက်တွဲသွားဦးမည်   ဖြစ်ကြောင်း Variety သတင်းဝက်ဘ်ဆိုက်မှ တင်ပြခဲ့သည်။

Warner Bros ရုပ်ရှင်စတူဒီယိုက ထိုသတင်းများနှင့်ပက်သက်ပြီး မှတ်ချက်ပေးခြင်းမရှိသေးသလို နောက်ဆက် တွဲရုပ်ရှင်နှင့်ပက်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းလည်း မရှိသေးကြောင်း သိရသည်။

Wonder Woman ဇာတ်ကားသည် အမျိုးသမီးဒါရိုက်တာက ရိုက်ကူးသည့် ပထမဦးဆုံး အမျိုးသမီးလူစွမ်း ကောင်း ရုပ်ရှင်တစ်ကားဖြစ်သလို ရုံဝင်ငွေအများအပြားရရှိကာ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည်။

ဒါ့အပြင် Box Office ရုံဝင်ငွေဇယား၌ ရက်ပေါင်းများစွာ ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သလို ကောင်းမွန်သော ရုပ်ရှင် ဝေဖန်ချက်များကိုလည်း ရရှိခဲ့သည်။

လာမည့်နိုဝင်ဘာလတွင်ထွက်ရှိမည့် Justice League ရုပ်ရှင်တွင် လင်းနို့လူသားအဖြစ် သရုပ်ဆောင်ထား သော ဘန်အက်ဖလက်ခ်နှင့် စူပါမန်းအဖြစ်သရုပ်ဆောင်ထားသော ဟင်နရီကာဗီးလ်တို့နှင့်အတူ ဂယ်လ်ဂါဒေါ့ ကို Wonder Woman အဖြစ် ထပ်မံမြင်တွေ့ရဦးမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly