တပ်ချုပ်နှင့် ဦးစီးချုပ်နှစ်ဦး စစ်တက္ကသိုလ်၌ စစ်လက်ရုံးရွေးချယ်

တပ်ချုပ်နှင့် ဦးစီးချုပ်နှစ်ဦး စစ်တက္ကသိုလ်၌ စစ်လက်ရုံးရွေးချယ်

ရန်ကုန် (မဇ္ဈိမ) ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရေနှင့်လေ ကာကွယ်ရေးဦးစီးချုပ်အသစ် နှစ်ဦးနှင့်အတူ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၅၈ စစ်လက်ရုံးရွေးပွဲသို့ တက်ရောက်ခဲ့သည်။

သြဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်း ကျင်းပသည့် စစ်လက်ရုံးရွေးချယ်ပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်တို့နှင့်အတူ တက်ရောက်ရွေးချယ်ပေးခဲ့သည်။

ယခင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ရန်ကုန်တိုင်း ကိုကိုကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်ရန်အတွက် ပါတီဝင်ဖြစ်သွားသည်။

ယခင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းသည် ဆက်သွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်တော့မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required