ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့ အခြေအနေတူအနေအထားမျိုးမှာ ရှိကြောင်း နည်းပြ ဗယ်လ်ဗာဒီ ပြော

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့ အခြေအနေတူအနေအထားမျိုးမှာ ရှိကြောင်း နည်းပြ ဗယ်လ်ဗာဒီ ပြော
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက ၎င်းရဲ့အသင်းဟာ ပထမဆုံး ချန်ပီယံလိဂ်အုပ်စဉ်ပွဲစဉ်ကို မြင့်မားတဲ့ ခြေစွမ်းအနေအထားတစ်ခုနဲ့ ဝင်ရောက်လာခဲ့ပြီဖြစ်ပေမယ့် ပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းဟာလည်း အလားတူအခြေအနေမှာ ရှိနေနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ် သုံးပွဲလုံးကို အနိုင်ရထားပြီး သွင်းဂိုး ၉ ဂိုးဖြင့် လိဂ်ဇယားထိပ်မှာ ရပ်တည်နေသလို ၆ ကြိမ်မြောက် စီးရီးအေ ချန်ပီယံကို ကာကွယ်မယ့် ဂျူဗင်ဟာလည်း ၁၀ ဂိုး သွင်းယူခဲ့ပြီး သွင်း ၂ ဂိုးသာ ခွင့်ပြုထားကာ လိဂ် ၃ပွဲစလုံး အနိုင်ရရှိထားပါတယ်။

"ဂျူဗင်ဟာလည်း သူတို့ရဲ့လိဂ်မှာ ခြေစွမ်း မာမာထန်ထန်နဲ့ ပွဲထွက်လာခဲ့ပါတယ်။"လို့ ဗယ်လ်ဗာဒီက ၎င်းရဲ့ ဘာကာနည်းပြဘဝ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဗယ်လ်ဗာဒီက ဂျူဗင်တပ်စ်အသင်းဟာ ပြိုက်ဘက်ရဲ့ တိုက်စစ်ကို တားဆီးရာမှာ မာကြောတဲ့ အသင်းဖြစ်ပြီး ပြိုင်ဘက်ကို ဖိအားပေးလည်း ပေးနိုင်ပါတယ်လို့ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာကို ပြိုင်ပွဲမှာ ထွက်ခွာစေခဲ့တဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ "ကြီးကျယ်တဲ့ နည်းပြနဲ့ ဒိုင်ဘာလာလို ကြီးကျယ်တဲ့ ကစားသမားတွေ"ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက နာမည်ကြီး ကစားသမားတစ်ဦမဟုတ်ဘဲ အသင်းလိုက်ကစားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

ဗယ်လ်ဗာဒီက ၎င်းရဲ့အသင်းဟာ ချန်ပီယံလိဂ်ပွဲဦထွက် နိုင်ပွဲနှင့် စတင်ဖွင့်လှစ်ဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required