ကလေးငယ်မှာလိုအပ်တဲ့အာဟာရဓာတ်တွေ မပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ

ကလေးငယ်မှာလိုအပ်တဲ့အာဟာရဓာတ်တွေ မပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ကလေးငယ်တွေရဲ့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ မပါဝင်မှုက ကလေးငယ်ရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ဆိုးရွားစွာထိခိုက်စေနိုင်တာကြောင့် အာဟာရချို့တဲ့မှုက ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေအရပ်ရပ်အတွက် အရမ်းကိုအရေးပါတဲ့အချက်ဖြစ်ပါတယ်။ အဖြစ်များတဲ့ အာဟာရချို့တဲ့မှုက သံဓာတ်ချို့တဲ့တာနဲ့ ဗီတာမင် ဒီ လျော့နည်းတာတွေကြောင့်ဖြစ်ပါတယ်။

သံဓာတ်လျော့နည်းမှုက နေ့စဉ်စားသုံးတဲ့အာဟာရဓာတ်တွေထဲမှာ သံဓာတ်ပါဝင်မှုနည်းပါးတာကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်မှာ သံဓာတ်လျော့နည်းလာတဲ့အခါ အူအတွင်းနံရံကသွေးတွေဆုံးရှုံးမှု၊ ခန္ဓာကိုယ်က Gluten ပရိုတင်း ကိုလက်မခံတဲ့ (celiac ရောဂါ)၊Helicobacter pylori infection နဲ့ နာတာရှည်သွေးအားနည်းရောဂါတွေ ခံစားရ နိုင်ပါတယ်။

ဗီတာမင် ဒီ ကအစာအိမ်အူလမ်းကြောင်းထဲက ကယ်လ်ဆီယမ်စုပ်ယူမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့မှုက ကလေးငယ်လေးတွေမှာ အရိုးပျော့ဝေဒနာကိုခံစားရစေနိုင်တဲ့ hypocalcemia လို့ခေါ်တဲ့ သွေးရည်ကြည်ထဲမှာ ကယ်လ်ဆီယမ်ပါဝင်မှုလျော့နည်းတာနဲ့ hypophosphatemia လို့ခေါ်တဲ့ သွေးတွင်းဖော့ဖရိတ်ဓာတ်လျော့နည်းမှုတွေကိုဖြစ်စေပါတယ်။ ဗီတာမင် ဒီဖြည့်စွက်ပါဝင်နေခြင်းမရှိတဲ့ မိခင်နို့ရည်၊ နေရောင်နဲ့ထိတွေ့မှုနည်းသလို၊ဗီတာမင် ဒီချို့တဲ့ တဲ့မိခင်နို့ရည်ကိုအချိန်ကြာမြင့်စွာသောက်သုံးမှု ကြောင့် ဗီတာမင် ဒီ ချို့တဲ့မှုကိုခံစားရတာဖြစ်ပါတယ်။ ပုံမှန်အနေအထားလို့ယူဆရတဲ့ ကလေးငယ်တွေမှာလည်း အာဟာရချို့တဲ့မှုကိုခံစားနေရတတ်ပါတယ်။

အနားမနေတာ – ကလေးငယ်က အနားမနေဘဲဆော့နေရင် ကျန်းမာရေးကောင်းတဲ့ လက္ခဏာလို့ အများစုက မှတ်ယူထားကြပါတယ်။ ကလေးငယ်တွေမှာ အတက်ကြွလွန်နေတဲ့အခါ အစာချေစနစ်ကအားနည်း သွားပြီး ဒီအနေအထားက ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေစုပ်ယူရာမှာအခက်တွေ့စေပါတယ်။

စိတ်ပိုင်းဆိုင်ရာအားနည်းတာ – ဦးနှောက်တွင်းမှာ စိတ်ဖိစီးတာနဲ့စိတ်ဓာတ်ကျတာတွေလိုမျိုးစိတ်ပိုင်းဆိုင်ရာ အားနည်းတာတွေက အာဟာရချို့တဲ့ မှုရဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။ ပရိုတင်းဓာတ်ထဲမှာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကိုမှန်ကန်စေဖို့အတွက် အရေးပါတဲ့ အမိုင်နိုက်ဆစ်ပါဝင်ပါတယ်။

ဆံပင်နဲ့အသားအရေခြောက်သွေ့ခြင်း – ကလေးငယ်ရဲ့ဆံပင်နဲ့အသားအရေခြောက်သွေ့တာက ကလေးငယ်မှာ ဗီတာမင် အေ၊ဒီ၊အီးနဲ့ကေတူးတို့ ချို့တဲ့တာကြောင့်ဖြစ်ပါတယ်။ ကလေးငယ်ရဲ့နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ အဆီကိုပျော်ဝင်စေနိုင်တဲ့ အရည်အသွေးမြင့် ဗီတာမင်တွေကို ထည့်သွင်းကျွေးမွေးပေးသင့်ပါတယ်။

စကားပြောဆိုရာမှာအခက်အခဲရှိခြင်း – စကားပြောနောက်ကျတာလိုမျိုး စကားပြောရာမှာ အခက်အခဲရှိတာက ပုံမှန်အားဖြင့်တော့ မျိုးရိုးလိုက်တာကြောင့်ဖြစ်တယ်ဆိုပေမယ့် ဒါဟာကလေးငယ်မှာဗီတာမင် ဘီတွဲ ချို့တဲ့နေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ ဒီအနေအထားကိုကာကွယ်ဖို့ ကလေးငယ်ရဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် ဘီတွဲကြွယ်ဝတဲ့အစားအသောက်တွေထည့်သွင်းကျွေးမွေးပေးရပါမယ်။

သွားတွေမညီမညာထွက်ခြင်း – သွားတွေမညီမညာထွက်တာက မျိုးရိုးလိုက်တတ်လေ့ရှိတယ်ဆိုပေမယ့် သိပ္ပံနည်းကျသုတေသနပြုလုပ်ထားတဲ့ ပညာရှင်တွေကတော့ သွားတွေထပ်တာက အာဟာချို့တဲ့မှုကြောင့် အဖြစ်များတယ်ဆိုပါတယ်။ ကိုယ်ဝန်ဆောင် ကာလကတည်းက မိခင်ကအာဟာရမျှတအောင် မစားသုံးရင်မွေးဖွား လာတဲ့ကလေးငယ်တွေမှာသွားတွေ မညီမညာထွက်လေ့ရှိပါတယ်။

သွားအခေါင်းပေါက်များဖြစ်ခြင်း – မိဘတော်တော်များများက ကလေးငယ်တွေရဲ့သွားတွေမှာ သွားအခေါင်းပေါက် တွေဖြစ်တာကို အချိုပါတဲ့ အစားအစာတွေနဲ့သကြားလုံးတွေစားတာကြောင့်လို့ ယူဆနေကြပါတယ်။ ဆရာဝန်တွေ ကတော့ ကလေးငယ်တွေရဲ့ခန္ဓာကိုယ်ထဲမှာသွားတွေအခေါင်းပေါက် ဖြစ်ပေါ်မှုကို ပြန်လည် ဖာထေးပေးနိုင်မယ့် သတ္တုဓာတ်တွေနဲ့အဆီပျော်ဝင်နိုင်တဲ့ဗီတာမင်တွေမရှိတာကြောင့် ဖြစ်တယ်၊ လို့ ယူဆထားကြ ပါတယ်။

မကြာခဏဖျားနာခြင်း – အချို့ကလေးငယ်လေးတွေဟာ မကြာခဏဖျားနာလေ့ရှိပြီးသူတို့နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေကို ပြောင်းလဲစားသုံးပေးတာက သိသိသာသာပြောင်းလဲမှုကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ကလေးငယ်ကိုအာဟာရပြည့်ဝ တဲ့အစားအစာတွေကျွေးမွေးပေးခြင်းဖြင့်ကိုယ်ခံအားစနစ်ကိုပိုမိုကောင်းမွန်စေပြီး အလွယ်တကူဖျားနာတာမျိုး ကင်းဝေးသွားပါလိမ့်မယ်။

စွမ်းအင်လျော့နည်းပြီးဦးနှောက်ထဲမှာ ဇဝေဇဝါဖြစ်ခြင်း – သံဓာတ်ချို့တဲ့ တဲ့ကလေးငယ်တွေဟာ အလွယ်တကူ ပင်ပန်းလွယ်ပြီး ဦးနှောက်ထဲမှာ ဘာကိုမှသေသေချာချာ မမှတ်မိဘဲရှိတတ်ပါတယ်။ ကလေးငယ်ကို အသား၊ အခွံမာသီး၊အစေ့အဆန်၊ဟင်းသီးဟင်းရွက်တွေနဲ့ ကလေးငယ်ရဲ့ခန္ဓာကိုယ်မှာခံစားနေရတဲ့သံဓာတ်ချို့တဲ့မှုကို ဖြည့်တင်းပေးနိုင်မယ့် အစားအသောက်တွေကို ကျွေးမွေးပေးရမှာဖြစ်ပါတယ်။

ခြေထောက်တွေနာတာ – ကလေးငယ်လေးတွေရဲ့ ကယ်လ်ဆီယမ်ချို့တဲ့မှုကို အိပ်ရာဝင်ချိန်မှာတွေ့ရများပါတယ်။ ကလေးငယ်မှာ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့ တဲ့အခါ ကလေးငယ်ဟာ စိတ်ပူပန်သောကရောက်တာ၊ အိမ်မပျော် တာနဲ့ ခြေထောက်တွေနာတာကိုခံစားရပါတယ်။ ကလေးငယ်ကို ကယ်လ်ဆီဝမ်ကြွယ်ဝတဲ့အစားအသောက်တွေ ကျွေးမွေးပေးရမှာဖြစ်ပါတယ်။

အဝလွန်ခြင်း – လူအများစုက အာဟာရချို့တဲ့မှုကြောင့် ကလေးငယ်တွေမှာ အဝလွန်တာမျိုးဖြစ်တတ်တယ်ဆိုတာ ကို အံ့သြကြပါတယ်။ အံ့အားသင့်စရာကောင်းတာတစ်ခုကကလေးတွေဟာသင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေ ကို အပြည့်အဝမရရှိဘူးဆိုရင်လည်း အဝလွန်တတ်ပါတယ်။

ပြီးပြည့်စုံတဲ့ကျန်းမာရေးကို ရရှိဖို့ဆိုတာက အချက်များစွာလိုအပ်ပါတယ်။ ကလေးငယ်ကို  အာဟာရပြည့်ဝပြီး အရသာရှိလှတဲ့ အစားအသောက်တွေကိုကျွေးမွေးခြင်းအားဖြင့် ကလေးငယ် လေးတွေကို အာဟာရချို့တဲ့မှု ဘေးကနေကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကလေးငယ်တွေကို အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့တဲ့နေရာမှာ တစ်မျိုးတည်းစားသုံးရုံနဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်စုံစွာပါဝင်တဲ့ အရာမျိုးကို ရွေးချယ် ကျွေးမွေးသင့်ပါတယ်။

ကလေးငယ်ကို ကောင်းမွန်ပြီးကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအသောက်တွေကို ဂရုတစိုက်ကျွေးမွေး စောင့်ရှောက်သင့်သလိုကလေးငယ်ရဲ့ လှုပ်ရှားဆော့ကစားမှုတွေကိုလည်းစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးစောင့်ကြည့်ပေးမှသာကလေးငယ်ဟာ ကောင်းကောင်းအိပ်စက်အနားယူပြီးကောင်းမွန်တဲ့ဘဝနေထိုင်မှု ပုံစံတစ်ရပ်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အာဟာရဓာတ်တွေကိုရရှိနိုင်မယ့်အကောင်း ဆုံးသောနည်းလမ်းကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားသုံးပေးဖို့ပဲဖြစ်ပါတယ်။ အာဟာရချို့တဲ့မှုက ကလေးငယ်ရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသလို ကလေးငယ်ရဲ့ကျန်းမာရေး အပေါ်မှာလည်း သိသိသာသာထိခိုက်မှုရှိနိုင်ပါတယ်။

ဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required