Stronger ရုပ်ရှင်တွင် ပါ၀င်သရုပ်ဆောင်ရသည့်အတွက် ဂုဏ်ယူနေသည့် ဂျိတ်ခ်ရီလင်ဟောလ်

Stronger ရုပ်ရှင်တွင် ပါ၀င်သရုပ်ဆောင်ရသည့်အတွက် ဂုဏ်ယူနေသည့် ဂျိတ်ခ်ရီလင်ဟောလ်

 

ဟောလိဝုဒ်နာမည်ကျော်မင်းသား ဂျိတ်ခ်ရီလင်ဟောလ်က မကြာခင်တွင်ထွက်ရှိတော့မည့် Stronger ရုပ်ရှင်၌ သူပါဝင်သရုပ်ဆောင်ထားသော ဇာတ်ကောင်နေရာသည် လူစွမ်းကောင်း ဇာတ်ကောင်တစ်ခုဖြစ်သည်ဟု ခံစားရ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုရုပ်ရှင်ထဲတွင် ဂျိတ်ခ်သည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်က ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု၌ အသက်ရှင်ကျန်ရစ်သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

ဂျိတ်ခ်က “ လူအများကြီးက ကျနော့်ကိုမေးကြပါတယ်။ လူစွမ်းကောင်းဇာတ်ကောင်နေရာမှာ ဘယ်တော့ပါဝင် သရုပ်ဆောင်မလဲလို့ပေါ့။ အခုဆိုရင် ကျနော်ဟာ လူစွမ်းကောင်းဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင် ထားတယ်လို့ ခံစားနေရပါတယ်” ဟု ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

Stronger ရုပ်ရှင်ကို တိုရန်တိုရုပ်ရှင်ပွဲတော်၌ အထူးပွဲအဖြစ်ပြသခဲ့ပြီး ဂျိတ်ခ်က သူ၏ဇာတ်ကောင် ဘားမန်း သည် သူအားကျအတုယူရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။

“ကျနော်ဒီရုပ်ရှင်ကနေ သင်ယူရရှိခဲ့တဲ့အရာတွေဟာ တကယ့်ကိုတန်ဖိုးမဖြတ်နိုင်ပါဘူး။ ဘားမန်းဟာ ကျနော် သိခဲ့တဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေထဲက တစ်ဦးဖြစ်ပါတယ်” ဟု ဂျိတ်ခ်က ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၃ ခုနှစ်က ဘော်စတွန်မာရသွန်ပြိုင်ပွဲ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လူ ၃ဦးသေဆုံးခဲ့ ပြီး ဘားမန်းသည် ထိုပေါက်ကွဲမှု၌ သူ၏ခြေထောက်နှစ်ဖက်စလုံးကို ဆုံးရှုံးခဲ့ရသည်။ ထို့နောက်တွင် ဘားမန်း သည် သူ၏ကိုယ်တွေ့မှတ်တမ်းကို ပြန်လည်ဖွင့်ဟခဲ့ပြီး ထိုမှတ်တမ်းကို ဇာတ်အိမ်တည်ကာ Stronger ရုပ်ရှင် ကို ရိုက်ကူးထားခြင်းဖြစ်သည်။

“ ဒီလိုရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူရပါတယ်။ ကျနော့်အတွက်တော့ အိပ်မက်ဆန်ဆန် ဖြစ်ရပ်တစ်ခုလို့ ခံစားရပါတယ်” ဟု ဘားမန်း Stronger ရုပ်ရှင်ဖန်တီးနိုင်မှုနှင့်ပက်သက်ပြီး ပြောဆိုခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags