အီရတ်တွင် ထရပ်ကားဖြင့် ဗုံးဖောက်ခွဲမှု အနည်းဆုံး လူ ၆၀ သေဆုံးက ဒဏ်ရာရသူ ၂၀၀ ကျော်

အီရတ်တွင် ထရပ်ကားဖြင့် ဗုံးဖောက်ခွဲမှု အနည်းဆုံး လူ ၆၀ သေဆုံးက ဒဏ်ရာရသူ ၂၀၀ ကျော်

အီရတ်နိုင်ငံ ဆာဒါမြို့တွင် ထရပ်ကားတစ်စီးဖြင့် ဗုံးဖောက်ခွဲတိုက်ခိုက်ရာ သေဆုံးသူပေါင်း ၆၀ ရှိပြီး ဒဏ်ရာရရှိသူပေါင်းမှာ ၂၀၀ ကျော်ထက်မနည်းရှိကြောင်း သတင်းများအရ သိရသည်။

နံနက်အစောပိုင်းအချိန်တွင် ဈေးအတွင်း ယင်းသို့ ထရပ်ကားဖြင့် ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း အီရတ်ရဲများက ပြောကြားသည်။

ဆာဒါမြို့ လူစည်ကားရာ ဂျမီလာဈေးအတွင်း အရုဏ်တက်ပြီးစတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း အမည်မဖော်သည့် တာဝန်ရှိသူများက ပြောသည်။

ယခုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ မိမိတို့ လက်ချက်ဖြစ်ကြောင်း ပြောကြားခြင်း မရှိသေးသော်လည်း ထိုသို့သော ဗုံးခွဲတိုက်ခိုက်မှုများကို အိုင်အက်စ်တို့က ကျုးလွန်တတ်ကြခြင်းဖြစ်သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly