မိမိချစ်ခင်သူများကို HIV မရအောင် မည်သို့ကာကွယ်မည်နည်း

မိမိချစ်ခင်သူများကို HIV မရအောင် မည်သို့ကာကွယ်မည်နည်း

ရေးသားသူ Dr. Zin Thu Thu Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အိမ်ထောင်ပြုပြီးလျှင် ပထမဦးဆုံး ပြုလုပ်ရမည်မှာ HIV ရောဂါရှိသော လူတစ်ယောက်အဖို့ မိမိချစ်ခင်ရသောသူနှင့် ဆက်ဆံလျှင် မကူးစက်အောင် မည်သို့တားဆီးမည်နည်း။ လူတော်တော်များများမှာ စိတ်ဓာတ်ကျ၍ မိမိချစ်သောသူများကို ရှောင်ရှားကြပါသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ မိမိ၏ နေ့စဉ်ဘဝကို ထိခိုက်နိုင်ပါသည်။ အထူးသဖြင့် ကာမဆက်ဆံခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မကူးစက်အောင် နည်းလမ်းများဖြင့် ကာကွယ်ရပါမည်။

မိမိနှင့် လိင်ဆက်ဆံခြင်းရာဇဝင်

နှစ်ဦးနှစ်ဘက်လုံး မိမိ၏ လိင်ဆက်ဆံမှုအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြရပါမည်။ မိမိ၏ ကြင်ဖော်ကြင်ဖက်သည် တခြားနောက်တစ်ဦးနှင့် လုံးဝ ကာမဆက်ဆံထားသောသူ မဟုတ်ရပါ။ မိမိ၏ကြင်ဖက်သည် HIV ရှိသည်ဟု သံသယရှိလျှင် ပွင့်ပွင့်လင်းလင်း မေးမြန်းပါ။

ထိုရောဂါပိုး ရှိနေလျှင်လည်း သေသေချာချာ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ နှစိဦးနှစ်ဖက်လုံးအတွက် ကောင်းပါသည်။

မကြာမကြာ သွေးစစ်ဆေးမှု ရယူပါ။

ထိုသို့စစ်ဆေးခြင်းသည် နှစ်ဦးနှစ်ဘက်လုံးအတွက် ကောင်းပါသည်။ မိမိတွင် အန္တရာယ်ရှိလျှင် တိုင်ပင်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ကာကွယ်ရာ ရောက်ပါသည်။ အချင်းချင်းသည် တစ်ဦးနှင့်တစ်ဦး လိမ်နိုင်သဖြင့် အတူတူ စစ်ဆေးချက် ရယူပါ။

အမြဲတမ်းအကာအကွယ်သုံးပါ။

တစ်လင်မယား စနစ်မှသာ HIV ရောဂါနှင့် တခြားသော ကာလသားရောဂါများ မဖြစ်ပွားနိုင်ပါ။ ထိုအချက်မှာ အရေးအကြီးဆုံး အချက်ဖြစ်ပါသည်။ သို့သော် လူတစ်ဦးတွင် HIV ရှိလျှင် အကောင်းဆုံးမှာ အကာအကွယ် ယူ၍ ကာမဆက်ဆံခြင်း ဖြစ်ပါသည်။ တစ်ကြိမ်တည်းပါကွာဟု လွယ်လွယ်ပြောတတ်ကြသည်။ သို့သော် ထိုတစ်ကြိမ်တည်းမှပင် ကူးစက်သွားနိုင်ပါသည်။

• အမျိုးသားကွန်ဒုံးများ
• အမျိုးသမီးကွန်ဒုံးများ
• ရာဘာအပြားများ (အမျိုးသမီး အချင်းချင်း၊ အမျိုးသားနှင့် အမျိုးသမီး၊ အမျိုးသား အချင်းချင်း) ဆက်ဆံချိန်တွင် အသုံးပြုနိုင်ပါသည်။
 

အရည်ထုတ် ကိရိယာ

ထိုကိရိယာမှာ သာမန်ကြည့်လျှင် HIV ရောဂါ မဖြစ်ပွားစေရန် ကာကွယ်နိုင်သည်ဟု မထင်ရသောလည်း လွန်စွာ အသုံးဝင်ပါသည်။ ကွန်ဒုံးမှာ ပေါက်ပြဲသွားလျှင် ရောဂါ ကူးစက်နိုင်ပါသည်။ ထိုကဲ့သို့ ကွန်ဒုံး မပေါက်ပြဲစေရန် အကောင်းဆုံးမှာ အရည်ထုတ် ကိရိယာသုံးခြင်းပင် ဖြစ်ပါသည်။ ရေဓာတ်ကို အခြေခံသော အရည်ထုတ်ကိရိယာကို အသုံးပြုပါ။ တခြားသော အမျိုးအစားများမှာ ကွန်ဒုံး၏ အစွမ်းကို လျော့ကျစေပြီး အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်။
ထိုအရည်ထုတ် ကိရိယာမှာ စအိုလိင်ဆက်ဆံခြင်းများတွင် ပို၍အသုံးဝင်ပါသည်။ စအိုဆက်ဆံခြင်းမှာ ပုံမှန် ဆက်ဆံခြင်းထက် ကွန်ဒုံးပေါက်ပြဲနိုင်ခြေ များပါသည်။ ထို ပစ္စည်းသုံးခြင်းဖြင့် ပေါက်ပြဲမှုကို လျော့ကျစေပါသည်။

ကွန်ဒုံးကို နည်းလမ်း မှန်မှန်ကန်ကန် သုံးခြင်း

ကွန်ဒုံးသည် ဆန်းသည်ဟု ထင်ရသော်လည်း သင်ရလွယ်ကူပါသည်။ နည်းလမ်းမှန် သုံးတတ်ရန်မှာလည်း လွန်စွာအရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ပေါက်ပြဲသွားလျှင် မသုံးသည်နှင့် မခြားသောကြောင့် ဖြစ်ပါသည်။ သေချာစွာ သိမ်းဆည်းရပါမည်။ နေရောင်ခြည်နှင့် မထိတွေ့ရပါ။ အေး၍ ခြောက်သွေ့သော နေရာတွင် ထားရပါမည်။ ကုန်ဆုံးရက်ကိုလည်း သေချာစွာ ကြည့်ရပါမည်။ အထုပ်ကို ဖောက်လျှင် လက်နှင့် ဖောက်ပါ။ ပါးစပ်နှင့် မဖောက်ပါနှင့်။

အကောင်းဆုံးမှာ မိမိ၏ ကြင်ဖက်ကို ပွင့်ပွင့်လင်းလင်း ပြောပြရန် ဖြစ်ပါသည်။

ဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required