ကိုယ်ဝန်ရှိနေကြောင်းသိနိုင်တဲ့ ရှေ့ပြေးလက္ခဏာများ

ကိုယ်ဝန်ရှိနေကြောင်းသိနိုင်တဲ့ ရှေ့ပြေးလက္ခဏာများ

ရေးသားသူ Wathun Myat Chal

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ကိုယ်ဝန်ရှိနေကြောင်းသိနိုင်တဲ့ ရှေ့ပြေးလက္ခဏာများ

အကယ်၍ သင့်မှာ ရင်သွေးလေး လွယ်နေရလားဆိုတာ သိချင်ရင်တော့ pregnancy test လုပ်ကြည့်ခြင်းက သေချာတဲ့ တစ်ခုတည်းသော နည်းလမ်းပါ။

ဒါပေမယ့် စမ်းသပ်မှုမလုပ်ခင်မှာတည်းက သင့်ကို ကြိုတင်အသိပေးနေတဲ့ သင်္ကေတတွေ ရှိပါသေးတယ်။

ယောနိမှာ အစက်အပျောက်များထွက်ခြင်း၊ ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း

အကယ်၍ သင်ဟာ အောင်အောင်မြင်မြင် ကိုယ်ဝန်လွယ်နိုင်သွားတဲ့ဆိုရင် မျိုးအောင်သွားတဲ့ မျိုးဥလေးဟာ သားအိမ်ထဲမှာ တွယ်ငြိသွားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် သင့်မှာ implantation bleeding လို့ခေါ်တဲ့ အစက်ပျောက်လေးတွေ ထွက်လာတာ၊ နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ယောနိနံရံတွေ ထူလာတာကြောင့် ဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းမှုတွေကို သတိထားမိတတ်ပါတယ်။

ဒါဟာ သင့်ကို မသက်မသာဖြစ်စေတာ၊ အနံ့အရမ်းဆိုးတာတွေ မဖြစ်မချင်း အန္တရာယ်မရှိပါဘူး။ ဖြစ်ခဲ့ရင်တော့ ရောဂါပိုးကူးဆက်မှုအတွက် စစ်ဆေးဖို့ လို့အပ်ပါလိမ့်မယ်။

ရင်သားမှာ အနာပေါက်ခြင်း

ကိုယ်ဝန်ရှိခြင်းက ဟော်မုန်းပမာဏ အတက်အကျကို ဖြစ်စေပါတယ်။ ဒါက သင့်ရင်သားတွေကို ထိလွယ်ရှလွယ်နဲ့ ဖူးရောင်မှုတွေ ဖြစ်စေပါတယ်။ သင့်ရင်သားတွေက ကြီးပြီး နူးညံ့လာတယ်လို့ ခံစားရတတ်ပါတယ်။

နိုးသီးပတ်လည်ကိုလည်း ပိုမို မည်းလာစေပါတယ်။ ကံကောင်းတာက သင့်ခန္ဓာကိုယ်က ဟော်မုန်းပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်သွားမယ့်အချိန်၊ ၄လကျော်သွားတဲ့အခါမှ ဒီအဆင်မပြေမှုတွေက မကြာခင်မှာပဲ ပျောက်သွားပါလိ်မ့်မယ်။

ပင်ပန်းနွမ်းနယ်ခြင်း

ကိုယ်ဝန်နဲ့ ဆက်နွယ်ပြီး ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာက progesterone ဟော်မုန်းပမာဏ မြင့်တက်မှုနဲ့ ဆက်နွယ်နေပါတယ်။

ဒါ့အပြင် သွေးပေါင်ချိန်ကျတာ၊ သွေးအချိုဓာတ်ကျတာ၊ သွေးထုတ်ပေးမှုများတာတွေကြောင့်လဲ ပါပါတယ်။ ဒါကလည်း ၄လကျော်ရင် သက်သာသွားလေ့ရှိပါတယ်။

ဒါပေမယ့် ဒီနွမ်းနယ်မှုတွေဟာ အလေးချိန်တိုးလာတာနဲ့အတူ သင့်ကိုယ်ဝန် နောက်ဆုံးပတ်တွေမှာ ပြန်လည် ဖြစ်ပေါ်လာပါလိမ့်မယ်။

ပျို့ခြင်း

ကိုယ်ဝန်လွယ်ပြီး တစ်လနှစ်လလောက်အကြာမှာ morning sickness လို့ခေါ်တဲ့ ပျို့ခြင်းကို တချို့အမျိုးသမီးတွေမှာ ခံစားရပေမယ့် တချို့မှာတော့ ဒီထက်စောပြီး ခံစားရတတ်ပါတယ်။

morning sickness ဟာ မနက်ခင်းပိုင်းမှာတင်မဟုတ်ပဲ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာမဆို ဖြစ်နိုင်ပါတယ်။

ချဉ်ခြင်းတက်ခြင်း သို့မဟုတ် မစားလိုခြင်း

ကိုယ်ဝန်ဆောင်အများစုဟာ အစားအစာအချို့အပေါ် ချဉ်ခြင်းတက်ခြင်း သို့မဟုတ် မစားလိုခြင်းဆိုတဲ့ အခြေအနေတစ်ခုကို တွေ့ကြုံကြရပါတယ်။

သိပ္ပံပညာရှင်တွေတောင် ဒီအရသာနဲ့ပတ်သက်တဲ့ ပြောင်းလဲမှုဟာ ဘာ့ကြောင့်လဲဆိုတာ မသိကြပါဘူး။ ဒါပေမယ့် ဟော်မုန်းတွေကြောင့်လို့တော့ ယုံကြည်ထားကြပါတယ်။

ဘယ်လောက်ကြာကြာဖြစ်လဲဆိုတာကတော့ လူတစ်ဦးချင်းဆီပေါ်မှာ မူတည်ပါတယ်။ အကယ်၍ သင်ဟာ ဟင်းတစ်မယ်ကို ရုတ်တရက် ချဉ်ခြင်းတက်တာ ဒါမှမဟုတ် သင့်နှစ်သက်တဲ့ အစားအစာကို မစားလိုတာမျိုး ဖြစ်ရင်တော့ သင်ဟာ ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။

စိတ်အပြောင်းအလဲများခြင်း

ကိုယ်ဝန်ရှိစဉ် ဟော်မုန်းပြောင်းလဲမှုတွေဟာ အမျိုးသမီးတွေရဲ့ ဦးနှောက်အတွင်းရှိ neurotransmitter တွေအပေါ် သက်ရောက်မှု ရှိစေပါတယ်။ ရလဒ်ကတော့ စိတ်အပြောင်းအလဲ များသွားတာပါ။

အမျိုးသမီးတစ်ဦးစီ ဒါကို မတူညီတဲ့ ပုံစံမျိုးနဲ့ ခံစားရပါတယ်။ တချို့က ငိုလွယ်လာတယ်၊ စိုးရိမ်မှုပိုလာတယ်၊ စိတ်ကျလာတတ်ပါတယ်။

အကယ်၍ သင့်ရဲ့စိတ်ခံစားမှုတွေက သင့်နေ့စဉ်ဘဝကို အနှောက်အယှက်ပေးလာတာ ဒါမှမဟုတ် သေကြောင်းကြံစည်ဖို့၊ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ဖို့ အတွေးတွေ ဝင်လာစေပြီဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်တွေရဲ့ အကူအညီကို ယူဖို့ အရေးကြီးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly