မာ့ခ်ဟုချ်အား လက်ဆွဲမနှုတ်ဆက်ခဲ့ခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မော်ရင်ဟို ငြင်းဆို

မာ့ခ်ဟုချ်အား လက်ဆွဲမနှုတ်ဆက်ခဲ့ခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မော်ရင်ဟို ငြင်းဆို

စက်တင်ဘာ ၁၀၊ အင်္ဂလန် ။         ။ စတုခ်စီးတီးနှင့်မန်ယူတို့ ၂ ဂိုးစီသရေကျခဲ့ပြီးနောက် မန်ယူနည်းပြမော်ရင်ဟိုသည် စတုခ်စီးတီးနည်းပြမာ့ခ်ဟုချ်ကို လက်ဆွဲနှုတ်ဆက်ခြင်းမရှိဘဲ အဝတ်လဲခန်းအတွင်းသို့ ဝင်သွားခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပွဲအပြီးတွင် သတင်းထောက်က မေးမြန်းခဲ့သည်ကိုလည်း မော်ရင်ဟိုက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

“ငါမင်းနဲ့ ယဉ်ယဉ်ကျေးကျေးပဲ ပြောဆိုချင်တယ်။ ဒီမေးခွန်းကို ငါဖြေမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့မေးခွန်က တော်တော်ကိုဆိုးရွားလို့ပဲ။ ဒီမေးခွန်းက တော်တော်ဆိုးတဲ့မေးခွန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ မင်းမေးနေတဲ့ပုံစံက ငါ့အမှားလိုဖြစ်နေတယ်။ ငါ့ပြဿနာလို ဖြစ်နေတယ်။ မင်းရဲ့မေးခွန်းက မမှန်ဘူး။ ငါစိတ်မကောင်းပါဘူး” ဟုပြောကာ ထွက်သွားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မာ့ခ်ဟုချ်ကို မေးမြန်းခဲ့ရာတွင်မူ “မော်ရင်ဟိုကို ကျွန်တော်တွန်းခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော်တို့ရဲ့နည်းစနစ်ဧရိယာထဲရောက်နေလို့ပါ။ ကျွန်တော့်ကို လက်ဆွဲမနှုတ်ဆက်ချင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီပွဲရလဒ်က သူတို့အတွက် ဆိုးရွားတဲ့ရလဒ်လို့ ထင်နေလို့လည်း ဖြစ်နိုင်ပါတယ်။ စတုခ်ကွင်းကိုလာတဲ့အသင်းတိုင်းက ကျွန်တော်တို့ကို အနိုင်ရမယ်လို့ မျှော်လင့်ထားကြတယ်။

ဒါက အနုတ်လက္ခဏာဆောင်ပါတယ်။ တစ်ခါတစ်လေမှာ ထိပ်သီးအသင်းကြီးခြောက်သင်းရဲ့နည်းပြတွေဟာ ရလဒ်မကောင်းတာကို လက်မခံနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် ရလဒ်မကောင်းတာက ပုံမှန်ဖြစ်နေကျ မဟုတ်လို့ပါ။ ဒါကို တစ်ခါတစ်ရံမှာ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်တတ်ကြပါတယ်။ မော်ရင်ဟိုလည်း အခု အဲ့ဒီလိုတုံ့ပြန်ခဲ့တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောဆိုခဲ့သည်။

စတုခ်နှင့်ပွဲတွင် သရေကျခဲ့သည့်အတွက် မော်ရင်ဟိုမှာ မကျေမနပ်ဖြစ်လျက်ရှိပြီး ၎င်းတို့အသင်းအနိုင်ရခဲ့သင့်ကြောင်း ဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required