ကျိုးပွင့်သွားခဲ့သည့် ငမိုးရိပ်ဆည်ရေတံခါး ပြန်ပြုပြင်ရန် ဆောင်ရွက်နေ

ကျိုးပွင့်သွားခဲ့သည့် ငမိုးရိပ်ဆည်ရေတံခါး ပြန်ပြုပြင်ရန် ဆောင်ရွက်နေ
Photo ပြည့်ဖြိုးလင်း

ရန်ကုန်၊စက်တင်ဘာလ၉ ။          ။ ငမိုးရိပ်ဆည်ရေထိမ်းတံခါးတစ်ခု စက်တင်ဘာလ၈ရက်က ကျိုးပွင့်သွားခဲ့ပြီး ယခုလက်ရှိတွင် ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ မြောက်ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်၁မှ ဦးတင်ထွန်းနိုင်က ပြောသည်။

"ဒီကိစ္စကဆည်မြောင်းဦးစီးဌာနကကျွမ်းကျင်တဲ့အတွက်ကြောင့်မို့ ဒီနေ့မနက်၈နာရီကဆည်မြောင်ဦးစီးက ပုဂ္ဂိုလ်တွေလာပြီး ဒီဟာကိုအမြန်ပြန်ပြီးဆောက်ဖို့ ပြင်ဆင်နေပါတယ် စည်ပင်သာယာနဲ့ဆည်မြောင်းဦးစီးဌာနတို့ပေါင်းပြီးတော့လေ"ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

ယမန်နေ့ညနေ(၄)နာရီအချိန်က မြေက်ဒဂုံမြို့နယ် ငမိုးရိပ်ဆည်၏ရေတံခါး(၆)ခုအနက်တစ်ခု ကျိုးပွင့်သွားခဲ့ပြီး အနီးနားရှိ(၂၇)ရပ်ကွက်၊ ပင်လုံအိမ်ယာ အပိုင်း(၄)ထဲသို့ ရေများဝင်ရောက်ခဲ့သည်။

ထို့နောက် ည(၈)နာရီအချိန်၌ ရေပြန်ကျခဲ့ကာ ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး၊ ဌာနမှူးများ၊ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဦးစီးမှူး ကြက်ခြေနီအဖွဲ့များ၊ နာရေးကူညီမှုအသင်းများက သဲအိပ်များဖြင့် လာရောက်ထမ်းသိမ်းခဲ့ရသည်။

"အခုလောလောဆယ် မနေ့ကလိုအခြေအနေတွေမဖြစ်အောင် မြောတွေနဲ့ရိုက်ထားပြီးတော့ သဲအိပ်တွေနဲ့ထည့်ထားတယ် တချို့ဟာသွားတဲ့နေရာမှာမြေကြီးကိုကျွန်တော်တို့ဖြည့်ထားတယ် အဲ့အခြေအနေနဲ့ကျွန်တော်တိုထိမ်းထားတယ် ဆည်မြောင်းဦးစီးဌာနက ကျန်တဲ့အပိုင်းကိုတာဝန်ယူသွားမယ်"ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးတင်ထွန်းနိုင်က ဆိုသည်။

မြောက်ဒဂုံရေတံခါးခြောက်ခုရှိသည့်အနက် ယခုဖြစ်ပွားသည့်ရေတံခါးမှာ နံပါတ်၆ဖြစ်သောကြောင့် အသက်သာဆုံးဖြစ်သွားသည်ဟု ၎င်းကဆိုသည်။

အကယ်၍ လူနေရပ်ကွက်နှင့်နီးစပ်ပြီး ရေထုတ်မြောင်းမကောင်းသည့်နေရာရှိ တခြားသောရေတံခါးများသာ ယခုကဲ့သို့ပွင့်ခဲ့လျှင် ရပ်ကွက်များ၌ ရေဝင်နိုင်သည်ဟု ဦတင်ထွန်းနိုင် ကဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငမိုးရိပ်၊ မဟူရာ၊ ပေါင်လင်း၊ ကလီထော်၊ လဂွမ်းပြင်၊ တောင်လုံးမြှောင်၊ တဘူးလှ၊ ဇာမဏီနှင့် ဘန့်ဘွေးကုန်း ရေလှောင်တမံစုစုပေါင်း ကိုးခုရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required