ရန်ကုန်တွင် ဘဂါင်္လီ ၄ ဦး ဖမ်းမိ

ရန်ကုန်တွင် ဘဂါင်္လီ ၄ ဦး ဖမ်းမိ
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ စက်တင်ဘာလ ၉ ။               ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် တရားမဝင် ခိုးဝင် ရောက်ရှိနေသော ဘင်္ဂါလီ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၉ ရက်၊ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၄ ရပ်ကွက်၊ ပြည်လမ်း၊ Ocean ကုန်တိုက်ရှေ့တွင်  တရားမဝင်ခိုးဝင်လာသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာနေ အသက် ၂ဝ အရွယ် အဒူရော်စောင်ဆိုသူနှင့် ဝက်ခေါင်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ် ဟော်မင်ဆိုသူ ဘင်္ဂါလီလူမျိုးနှစ်ဦးကို ကင်းလှည့်နေသည့် မရမ်းကုန်းမြို့မရဲစခန်းမှူးနှင့်အဖွဲ့က ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာလ ၉ ရက်၊ ၂  နာရီခွဲအချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်း၊ လမ်းသွယ်(၃)တွင်  တရားမဝင်ခိုးဝင်လာသော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပေါင်းတုတ် ကျေးရွာနေ အသက် ၁၈ နှစ်အရွယ် ဖော်ဇော်ရော်ဟိန်းဆိုသူ ဘင်္ဂါလီလူမျိုးတစ်ဦးကို ဘုရင့်နောင်နယ် မြေရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

သတင်းအရ  နံနက် ၉ နာရီ ၂ဝ အချိန်တွင် ( ၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၃၇၁)ရှိ နေအိမ်ခြံစည်းရိုးအတွင်း တိုးဝင်နေသော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက် ဝကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ဟာဆောင်းဆိုသူ ဘင်္ဂါလီတစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားမဝင်ရောက်ရှိနေသော ဘင်္ဂါလီများကို  လွန်ခဲ့သော တစ်လခန့်က  ငွေကျပ် ၁၅ သိန်းစီဖြင့် အမည်မသိ ရခိုင်အမျိုးသားတစ်ဦးက  ရန်ကုန်သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။

 ရန်ကုန်တွင် လိပ်စာ၊ အမည်မသိသော ဗမာအမျိုးသားတစ်ဦးနေအိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ရန်ကုန်မြို့တွင်းသို့ ကျပန်းအလုပ်လုပ် ကိုင်ရန် အတွက် လမ်းလျှောက်ထွက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ သိရသည်။

ဖမ်းဆီးရမိခဲ့သော  တရားမဝင်ရောက်ရှိနေသည့် ဘဂါၤလီ ၄ ဦးအား ၁၉၄၉ ခုနှစ်၊ ပြည် ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၇ ရက်နေ့တွင် မြောက်ဥက္ကလာမြို့နယ်၊ သံထည်ရောင်းဝယ်ရေးလုပ်ငန်း တစ်ခုတွင်  တရားမဝင်ဘင်္ဂါလီတစ်ဦးနှင့် ကမန်တစ်ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၌လည်း အထောက်အထား တစ်စုံတစ်ရာမရှိသည့် ဘင်္ဂါလီတစ်ဦးကို ဖမ်းဆီးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly