မန္တလေးတိုင်း ကြ့ံခိုင်ရေး ဥက္ကဋ္ဌ နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ကိုယ်စားလှယ်များ သြဂုတ် ၁၄ရက်တွင် တွေ့ဆုံမည်

မန္တလေးတိုင်း ကြ့ံခိုင်ရေး ဥက္ကဋ္ဌ နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ကိုယ်စားလှယ်များ သြဂုတ် ၁၄ရက်တွင် တွေ့ဆုံမည်

မန္တလေး (မဇ္ဈိမ) ။ ။ မန္တ္တလေးမြို့တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့် နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် ကိုယ်စားလှယ်လောင်းများ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းဝန်းကျင်ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် သြဂုတ်လ ၁၄ ရက် နေ့ နံနက် ၉ နာရီခွဲ၌ တွေ့ဆုံမည်ဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။ 

"ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ညှိုနှိုင်းပွဲလို့တော့ သိရတယ်။ ဥက္ကဋ္ဌက အခုလောလောဆယ် နေပြည်တော် ရောက်နေတယ်။ ယနေ့ ညနေ ပြန်လာမယ်။ မနက်ဖြန်ကျ ကျွန်တော်တို့နဲ့ တွေ့မှာ။ အဲ့ဒီတော့
သူက နေပြည်တော်မှာ ဖြစ်ပျက်တဲ့ ကိစ္စတွေ ရှင်းပြလိမ့်မယ်လို့ ထင်ရတာပဲ"ဟု ပါတီမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

လက်ရှိတွင် ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင်နေရာ အပြောင်းအလဲရှိနေပြီး သူရဦးရွှေမန်းကို ဥက္ကဋ္ဌ နေရာက ဖယ်ရှားက သမ္မတဦးသိန်းစိန်က ဥက္ကဋ္ဌ ၊ ဦေးဌးဦးက ပူးတွဲဥက္ကဋ္ဌ /ဒု-ဥက္ကဋ္ဌအဖြစ် သြဂုတ် ၁၃ရက်က တာဝန်များပေးအပ်လိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required