လိဂ်ပွဲစဉ်များကို ပြည်ပထွက် ကစားဖို့ လာလီဂါ စဉ်းစားထား

လိဂ်ပွဲစဉ်များကို ပြည်ပထွက် ကစားဖို့ လာလီဂါ စဉ်းစားထား
(ဓာတ်ပုံ - အီးပီအေ)

စပိန် လာလီဂါလိဂ် ဥက္ကဌ ဂျာဗီယာ တီဘက်စ်က လာမယ့်ရာသီမှာ လာလီဂါပွဲစဉ် တစ်ပွဲ သို့မဟုတ် နှစ်ပွဲကို တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ သွားရောက် ကစားနိုင်ဖွယ်ရှိကြောင်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။

"NFL သို့မဟုတ် NBA ပြိုင်ပွဲတွေ လုပ်သလို တစ်ရာသီမှာ တစ်ပွဲ သို့မဟုတ် အများဆုံး နှစ်ပွဲလောက်ကို ပြည်ပထွက် ကစားဖို့ ရှိပါလိမ့်မယ်။ အကြောင်းအရာတစ်ခုကတော့ ဈေးကွက်မြှင့်တင်ရေးနှင့်အတူ လုပ်ဆောင်ဖို့ ရှိပါတယ်။ ကျနော်တို့ဟာ ပရီးမီးယားလိဂ်၊ ဘွန်ဒီလီဂါလိဂ်တွေနှင့် ပြိုင်ဆိုင်လိုရင် ကျနော်တို့ ကွဲပြားခြားနားတဲ့ နည်းလမ်းတွေကို ထည့်သွင်းလုပ်ဆောင်ဖို့ လိုပါတယ်။"လို့ တီဘက်စ်က ပြောပါတယ်။

တီဘက်စ်က အဆိုပါပြည်ပထွက် ကစားတဲ့ စိတ်ကူးဟာ လာမယ့်ရာသီမှာ အောင်မြင်နိုင်ကြောင်းကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဗီဒီယိုအကူ လက်ထောက်ဒိုင်လူကြီး (VAR) စနစ်ကို ဒီရာသီ စပိန်ဘုရင့်ဖလားပွဲစဉ်တွေမှာ သုံးပြီး ကြိုးစားကြည့်မှာဖြစ်ပြီး  တကယ်လို့ အသုံးတဲ့ပါက ပြိုင်ပွဲစုံမှာ တရားဝင်အကောင်အထည်ဖော် လုပ်ဆောင်လိမ့်မယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required