မက်ဆီကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် ထုတ်ဖော်ပြောဆို

မက်ဆီကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် ထုတ်ဖော်ပြောဆို
(ဓာတ်ပုံ - အီးပီအေ)

ဖလော်တီနိုပီရက်ဇ်က သူဟာ ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌအဖြစ် စတင်ရွေးချယ်ခံရတဲ့ ပထမနှစ်က ပြိုင်ဘက် ဘာစီလိုနာ အသင်းမှ မက်ဆီကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပီရက်ဇ်ဟာ ၂၀၀၀ ခုနှစ် အသင်းဥက္ကဋ္ဌအဖြစ် စတင်ရွေးချယ်ခံရပြီး ဂတိပေးထားတဲ့အတိုင်း ပြိုင်ဘက် ဘာစီလိုနာထံမှ လူးဝစ်ဖီဂိုကို အရခေါ်ယူကာ ရီးယဲလ်အသင်းကို ကြယ်စုအသင်းအဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။

ဖီဂိုကို ခေါ်ယူပြီးနောက်ပိုင်းမှာတော့ ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ ဇီဒန်း၊ ရော်လ်နယ်ဒိုနှင့် ဒေးဗစ်ဘက်ခမ်းတို့ စန်တီယာဂိုဘာနေဗျူးကို ရောက်ရှိလာခဲ့ပြီး ပီရက်ဇ်က အဲဒီအချိန်က မက်ဆီကို ခေါ်ယူရန် ပစ်မှတ်ထားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ပီရက်ဇ်က "အသင်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရချိန်က ကျနော်ဟာ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်။ မက်ဆီဟာ ကျနော်ုတို့ ခေါ်ယူလိုတဲ့ ကစားသမားအမျိုးအစားဖြစ်ပါတယ်။"လို့ ပြောဆိုခဲ့ပါတယ်။

မက်ဆီဟာ ဇူလိုင်လက ဘာစီလိုနာနှင့် စာချုပ်သစ်အတွက် သဘောတူညီထားပေမယ့်လည်း လက်ရှိအချိန်အထိ စာချုပ်လက်မှတ်ရေးထားခြင်း မရှိသေးကာ ၎င်းရဲ့ လက်ရှိစာချုပ်မှာ ရာသီကုန်ချိန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် လာမယ့် နွေရာသီမှာ အလွတ်ပြောင်းကြေးဖြင့် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ အသင်းဥက္ကဋ္ဌအဖြစ်မှ ၂၀၀၆ ခုနှစ်က ထွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အသင်းဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံရတဲ့ ပီရက်ဇ်က ၎င်းရဲ့အသင်းဟာ မက်ဆီကို ခေါ်ယူရန် စိတ်ဝင်စားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

"အခုချိန်မှာတော့ မဟုတ်တော့ပါဘူး"လို့ သူက ပြောပါတယ်။ "သူ့ကို ခေါ်ယူဖို့ တကယ့်ကို ခက်ခဲပါတယ် (ပါလိမ့်မယ်။) မက်ဆီဟာ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာ ကစားနေပြီးနောက်မှာ အသင်းမှာ အခြေတည်ခဲ့ပြီဖြစ်ပါတယ်။"

မက်ဆီဟာ ဘာစီလိုနာသမိုင်းတလျောက် ဂိုးသွင်းအများဆုံးအဖြစ် မှတ်တမ်းတင်ထားပေမယ့် သူ့ရဲ့ လက်ရှိစာချုပ်ကြောင့် ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သေးပါတယ်။

ဒါပေမယ့် ကလပ်အသင်းက ဇွန်လိုင်လာက ကြေညာခဲ့တဲ့ အသက် ၃၀ အရွယ်ကစားသမားရဲ့ စာချုပ်သစ် သဘောတူညီမှုကို ကစားသမားရဲ့ ဖခင် ဂျော့မက်ဆီက သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့ကြောင်း ယခုအပတ်အစောပိုင်းက ဥက္ကဋ္ဌ ဘာတိုမူက ပြောဆိုခဲ့ပါတယ်။

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required