အရွယ်တင်စေတဲ့ ပစ္စည်း (၇) မျိုး

အရွယ်တင်စေတဲ့ ပစ္စည်း (၇) မျိုး

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

အိုမင်းခြင်းဆိုတာ လူတိုင်းတွေ့ကြုံရမယ့် သဘာဝတရားပါ။ အန္တရာယ်ရှိတဲ့ရောဂါမဟုတ်ပေမယ့် ပြင်ပလှုပ်ရှားမှုနဲ့ ရုပ်ရည်သွင်ပြင်ကို သက်ရောက်မှုရှိပါတယ်။ အချိန်ရဲ့အကျိုးသက်ရောက်မှုကြောင့်သာမက အိုမင်းခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့နေထိုင်မှုပုံစံနဲ့ သကြားအလွန်အမင်း သုံးစွဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိုမင်းခြင်းကို နှောင့်နှေးစေနိုင်မယ့်  ဓာတ်ပစ္စည်းအနည်းငယ်ရှိပါတယ်။

၁။ ဗီတာမင်ဘီအုပ်စု

ဗီတာမင်ဘီကို skin care တွေမှာ အများအပြား အသုံးပြုပါတယ်။ အိုမင်းရင့်ရော်ခြင်းကို အကာအကွယ်ပေးပြီး အစားအစာကနေ စွမ်းအင်ကို ပြောင်းလဲပေးခြင်းဖြင့် ခန္တာကိုယ်ရဲ့အရေးကြီးတဲ့လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။ အသားအရည်အတွက် ရေဓာတ်ထိန်းသိမ်းပေးပြီး ပျက်စီးသွားတဲ့အသားအရည်ကိုလည်း ကုသပေးပါတယ်။ NIA အရ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပြီး အသားအရည်ကို တင်းရင်းစေပါတယ်။ ဒါကြောင့် ဗီတာမင်ဘီအုပ်စုပါဝင်တဲ့ ထုတ်ကုန်တွေကို ရွေးချယ်သင့်ပါတယ်။

၂။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ

ဒီဓာတ်ဟာ အိုမင်းခြင်းကို ဆန့်ကျင်တဲ့ပစ္စည်းတွေ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါတွေကတော့ ဗီတာမင်အေ၊ စီနဲ့ အီး၊ glytathione၊ ဆယ်လီနီယမ်၊ လက်ဖက်စိမ်းအနှစ်၊ ပဲပိစပ်အနှစ်၊ စပျစ်စေ့အနှစ်၊ သလဲသီးအနှစ်၊ superoxide၊ dismutase၊ b tecarotene ဓာတ်တွေပဲဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့ skin care တွေဟာ စိတ်ဖိအား ကျဆင်းစေပြီး အရေပြားနီမြန်းခြင်းကိုလည်း သက်သာစေပါတယ်။ အသားအရည်ကို ကောင်းမွန်စေပြီး နေ့စဉ်ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုတွေကနေ ကာကွယ်ပေးပါတယ်။

၃။ အကူအင်ဇိုင်းဓာတ် Q.10

ဒါကတော့ ငယ်ရွယ်နုပျိုတဲ့အသားအရည်ကို ဖန်တီးရာမှာ အလွန်အစွမ်းထက်ပြီး အကျိုးအရမ်းရှိပါတယ်။ အသားအရည်အတွက် အကူအင်ဇိုင်းQ.10ရဲ့ အထောက်အပံ့ဟာ တစ်ရှုးရဲ့ collagenကို အရေပြားထဲ ထိန်းသိမ်းထားပေးနိုင်ပါတယ်။

၄။ Peptide

သူကတော့ ပရိုတင်းဓာတ်ကို တည်ဆောက်ရာမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဒြပ်ပေါင်းဖြစ်ပြီး collagen ပမာဏကို တိုးပွားလာစေပါတယ်။ ဒါ့ကြောင့် သူဟာ အိုမင်းခြင်းကို ကာကွယ်တဲ့ပစ္စည်းတွေထဲ မပါမဖြစ်ပါဝင်လာပြီး ကျန်းမာတဲ့အရေပြားအသစ်ကို ဖြစ်ပေါ်စေပါတယ်။

၅။ ငါးကြီးဆီ

Omega 3 နဲ့ Fatty acid ပါဝင်မှု မြင့်မားတာကြောင့် ငါးကြီးဆီဟာ နှလုံးကျန်းမာရေးအတွက်သာမက ကြွက်သားကျန်းမာရေးအတွက်ပါ ကောင်းပါတယ်။ အဆစ်ရောင်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ နာတာရှည်အရေပြားရောဂါကိုလည်းကောင်း ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီဟာ လူကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို ပံ့ပိုးထောက်ပံ့ပေးနိုင်ပါတယ်။

၆။ ငှက်သိုက်

ငှက်သိုက်မှာ ဓာတ်ပြုစွမ်းအားရှိတဲ့အဆီတွေ မြင့်မားစွာ ပါဝင်တာကြောင့် oxidization ဖြစ်ပြီး ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ နှလုံးအားကောင်းစေပြီး ကင်ဆာရောဂါကို တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် သတ္တုဓာတ်နဲ့ တခြား phytochemical တွေဟာ ငယ်ရွယ်မှုကို ဆက်လက်ထိန်းထားနိုင်မှာပါ။

၇။ ဟော်မုန်းဓာတ်

သွေးကနေတစ်ဆင့် ဖြတ်သွားတဲ့ အလင်းတွေကနေ ဟော်မုန်းဓာတ်တွေကို ထုတ်ပါတယ်။ သင့်တော်တဲ့ဆဲလ်တွေကို ရှာတွေ့ရင် ပိုများတဲ့ ပရိုတင်းတွေ အင်ဇိုင်းတွေကို ထုတ်ပေးဖို့ ဆဲလ်တွေကိုညွှန်ကြားပါတယ်။

Testosterone ဆိုတာ အဖိုဟော်မုန်းဖြစ်ပြီး အရိုးသိပ်သည်းမှု၊ အဆီဖြန့်ဝေခြင်းနဲ့ ကြွက်သားတွေ သန်မာအောင် ကူညီပေးပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေအတွက်လည်း သက်ဆိုင်ပါတယ်။

အိုမင်းလာတယ်လို့ ကိုယ့်ဘာသာကိုယ်ထင်ရင် ဆရာဝန်နဲ့ဆက်သွယ်ပြီး အိုမင်းခြင်းကို ကာကွယ်နိုင်ဖို့ မှန်ကန်တဲ့ကုသမှုကို လုပ်ဆောင်ပါ။ အကောင်းဆုံးကတော့ သဘာဝကုထုံး၊ ဆေးဝါး သို့မဟုတ် ကျန်းမာတဲ့အားဖြည့်စာနဲ့နေထိုင်တဲ့ပုံစံတွေပါပဲ။

ဤဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required