မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနည်းပြ ရုတ်တရက် နှုတ်ထွက်သွား

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနည်းပြ ရုတ်တရက် နှုတ်ထွက်သွား
Photo-Press-TV

စက်တင်ဘာ ၈ ။          ။ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း နည်းပြသည်စာချုပ်သက်တမ်း ချုပ်ဆိုပြီး ငါးလအကြာတွင် ရာထူးမှ ရုတ်တရက် နှုတ်ထွက်သွားခဲ့ကြောင်း MFF မှ ထုတ်ပြန်သည်။

အီရန်နိုင်ငံသား ရီဇာ ခေါ်ဒီသည် ဆီးဂိမ်းစ်ပြိုင်ပွဲအပြီး ၎င်း၏ မိခင်နိုင်ငံသို့ ခွင့်ပြန်သွားခဲ့ပြီးနောက် ရာထူးမှနှုတ်ထွက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားလာခဲ့ခြင်း ဖြစ်သည်။

နည်းပြသည် MFF နှင့် ၂၀၁၇ ခုနှစ် ဧပြီလမှ စတင် စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလ အထိ တစ်နှစ် စာချုပ် ချုပ်ဆိုထားသူ ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း နည်းပြရီဇာခေါ်ဒီသည် ပြီးခဲ့သည့် ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ အမျိုးသား ဖူဆယ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ရာ အောင်မြင်မှု မရရှိခဲ့ဘဲ ပြိုင်ပွဲဝင် အသင်း(၅)သင်းတွင် နောက်ဆုံး အသင်းအဖြစ် မြန်မာဖူဆယ်အသင်း ရလဒ်ဆိုးရွားခဲ့သည်ဟု MFF က ဖော်ပြထားသည်။

 စာချုပ်သဘောတူညီချက်အရ ရီဇာခေါ်ဒီ အနေဖြင့် MFF ထံ ၎င်း၏ လစာ တစ်လစာ ပြန်လည်လျော်ကြေး ပေးဆောင်ရမည်ဖြစ်သည်ဟု MFF က ထုတ်ပြန်ထားသည်။

သို့သော် အဆိုပါနှုတ်ထွက်မှုတွင် ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်နေသော အခြားအကြောင်းရင်းများ ရှိသည်ဟု ရေးသားဖော်ပြမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly