မြန်မာနိုင်ငံအနှံ့ အင်တာနက်လိုင်းများကျ

မြန်မာနိုင်ငံအနှံ့ အင်တာနက်လိုင်းများကျ

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်း ကိစ္စရပ်များ ဖြစ်ပေါ်နေသည့် အချိန် သြဂုတ် ၁၃ရက်တွင် မြန်မာနိုင်ငံ အနှံံ့ အင်တာနက်လိုင်းများ နှေးကွေးနေကြောင်း ရန်ကုန်၊ နေပြည်တော်၊ မန်းတလေး၊ ပြင်ဦးလွင်နှင့် ပဲခူး တို့မှ အင်တာနက်သုံးစွဲသူများ ထံမှ သိရသည်။

ပဲခူးမြို့ Telenor Lighthouse မှ အင်တာနက်ဆိုင်ပိုင်ရှင် ဒေါ်ဇာခြည်လင်းက “ဖေ့ဘုတ်ဖွင့်ထားတာ ကြာပြီ အခုထိ ပထမဆုံးစာမျက်နှာတောင် မတက်လာသေးဘူး။ ဂျီမေးလ်လည်း ဖွင့်ထားတာ မတက်လို့ HTLM နဲ့ ဖွင့်တာတောင် အခုထိ တက်မလာသေးဘူး”ဟု ပြောသည်။

ရန်ကုန် Mizzima Mediaရုံး IT Department မှ IT Assistant ကိုသူရအောင်ကလည်း “ကျွန်တော်တို့ သုံးတဲ့လိုင်းက ဖိုက်ဘာလိုင်းပါ။ ၁၀ မက် မြန်နှုန်းရှိပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဝက်ဘ်ဆိုဒ်ကြည့်ရတာ နှေးနေတယ်”ဟု ကိုသူရအောင်ကပြောသည်။

ရတနာပုံဆိုဒ်ဘာ တက်ခ်မှ တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ထားသည့် ဖိုက်ဘာဆက်ကြောင်းတွင် ပြဿနာ အနည်းငယ်ရှိနေမှုကြောင့် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အတွက်ယခုကဲ့သို့ လိုင်းများ ကျနေခြင်းဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required