အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ အတွက် အငြိမ်းစားပါမောက္ခဦးမောင်မောင်ခင် နှင့် တွေ့ဆုံခြင်း အပိုင်း (၁)

အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ အတွက် အငြိမ်းစားပါမောက္ခဦးမောင်မောင်ခင် နှင့် တွေ့ဆုံခြင်း အပိုင်း (၁)

မင်္ဂလာပါ မဇ္ဈိမ ပရိတ်သတ်များခင်ဗျာ။

ကျနော်တို့ ဒီတစ်ခေါက်ဆွေးနွေးသွားမယ့် အစီအစဉ်ကတော့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဆွေးနွေးထားတာတွေကို အပိုင်း (၁) အနေနဲ့ ပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ် ခင်ဗျ။

မဇ္ဈိမ- အဆုတ်နဲ့အသက်ရှူလမ်းကြောင်း ပြောလို့ရှိရင် ကျနော်တို့ ဒေသတွင်းနိုင်ငံတွေမှာ ဒီအဆုတ်နဲ့ ပတ်သက်ပြီးတော့ ကင်ဆာပဲဖြစ်ဖြစ် ဘယ်နိုင်ငံက အဖြစ်များလဲ ခင်ဗျ။

Prof: MMK - စာရင်းအတိအကျတော့မရှိဘူးပေါ့လေ။ မြန်မာမှာလည်း အဆုတ်ကင်ဆာက ဖြစ်များလာပါတယ်။ ၂၀၁၂ တုန်းက တစ်ကမ္ဘာလုံးမှာ ကောက်ထားတဲ့ စစ်တမ်းအရ ၁.၈ သန်းရှိပါတယ်။ အဲ့ဒီထဲက သေဆုံးတဲ့လူက ၁.၃ သန်းရှိပါတယ်။ ယောက်ျားထဲမှာဆိုရင် အဆုတ်ကင်ဆာက ဒုတိယအများဆုံးဖြစ်ပါတယ်။ သေဆုံးမှုကတော့ ပထမဆုံးပါ။ အမျိုးသမီးကျတော့ အသည်းကင်ဆာပြီးတော့မှ အဆုတ်ကင်ဆာ လာပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာလည်း အထူးသဖြင့် တရုတ်နိုင်ငံမှာလည်း အဆုတ်ကင်ဆာ တိုးတက်လာပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က   ဆေးလိပ်တော်တော်သောက်တဲ့နိုင်ငံဖြစ်လို့။ အိန္ဒိယလည်း တက်လာပါတယ်။ ကျနော်တို့စကားပြောရင်းတောင်မှ အဆုတ်ကင်ဆာနဲ့ ပတ်သက်တဲ့ အဓိက ၉၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်လို့   ဆေးလိပ်နဲ့အဆုတ် အသင်းအဖွဲ့ရှိတာပေါ့။ ဆေးလိပ်က အဓိက တရားခံပေါ့။ အဲ့တာကြောင့် ဆေးရွက်ကြီးဥပဒေထွက်လာရင် ဆေးလိပ်သောက်တာတွေ နည်းသွား၇င်တော့ ဖြစ်တာနည်းသွားမှာပေါ့။

မဇ္ဈိမ - အဲ့တော့ကျနော်တို့ အဆုတ်ကင်ဆာလို့ ပြောရင် အဓိကကတော့ အဆုတ်လို့ ပြောလို့ရမှာပေါ့နော်။ ကျနော်တို့ နိုင်ငံမှာဆိုရင် စိုးရိမ်ရတဲ့အနေအထားပေါ့နော်။ ဆေးလိပ်ကိုလည်း လွယ်လွယ်ကူကူဝယ်လို့ရတယ်။ ဈေးပေါပေါနဲ့ ရတယ်ဆိုတော့နော်။ အဲ့ဒီတော့ တခြားအကြောင်းကော ရှိနိုင်သေးလားဆရာ။ အသက်ရှူတာနဲ့ ပတ်သက်ပြီးတော့ ဆေးလိပ်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအတွက် ဥပမာ ကျနော်တို့မှာ ဆိုရင် လေကောင်းလေသန့် ကောင်းကောင်းမရတာ၊ အခန်းကျဉ်းကျဉ်းထဲမှာ နေရတာပေါ့နော်။ မဖွံ့ဖြိုးခြင်းရဲ့ ဒဏ်ပေါ့နော်။ အောက်စီဂျင်တွေ ပေါပေါလောလော မထုတ်ပေးနိုင်တာပေါ့နော်။

Prof: MMK - အဆုတ်ကင်ဆာဖြစ်တဲ့ အခြေအနေမှာတော့ အဖြစ်များဆုံးက ဆေးလိပ်သောက်တာပဲ။ ဒုတိယက လေထုညစ်ညမ်းမှုပေါ့။ ကျနော်တို့အခု ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာချုပ်ချုပ်တယ်ဆိုတာက Carbon in the air ကို လျော့ချဖို့ပေါ့။ ကာဗွန်က ဘယ်ကလာလဲဆိုတော့ ဆေးလိပ်မီးခိုးငွေ့ပေါ့နော်။ ပြီး၇င် စက်ရုံတွေက လာတဲ့ မီးခိုးငွေ့တွေဖြစ်တယ်။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံမှာ ဆိုရင် လေထုထဲမှာပါတဲ့ ကာဗွန် အရမ်းများတဲ့အတွက် တခါတလေ တစ်ယောက်နဲ့တစ်ယောက် မြင်တောင်မမြင်ရဘူး။ ကျနော်တို့နိုင်ငံကတော့ အဲ့လောက်ထိမဆိုးသေးပါဘူး။ နောက်တစ်ခုကတော့ Radon Gas ဆိုတာရှိတယ်။ သူက Radium တွေထဲကနေ ထွက်တာ။ သူက အနံ့လည်း မရှိဘူး။ အရောင်လည်း မရှိဘူး။ အမေရိကားမှာဆို တော်တော်များများ ဖြစ်ပါတယ်။ သူကလည်း အဆုတ်ကင်ဆာကို ဖြစ်စေပါတယ်။ Radon Gas က Radium ပြိုကွဲရာကနေ ထွက်လာတဲ့ သူတို့နိုင်ငံမှာလည်း နေရာအလိုက် Concentration ရှာထားတာ ရှိပါတယ်။ ကျနော်တို့ဆီမှာတော့ အဲ့လိုမျိုးရှာထားတာမရှိသေးဘူးပေါ့နော်။ နောက်တစ်ခုကတော့ ကျောက်ပတ်တီးအမှုန်လိုထွက်တယ်။ သူက၅ မျိုးရှိတယ်။ သူကလည်း အဆုတ်ကင်ဆာကို ဖြစ်စေတယ်။ အရင်တုန်းက မိုင်းတွင်းတွေမှာ အလုပ်လုပ်တဲ့လူဆိုရင် အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းက များပါတယ်။ နောက်တစ်ခုကတော့ Radiation ပေါ့။ သူက ဓါတ်မှန်ဌာနတို့မှာ နေတဲ့လူကလည်း ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

မဇ္ဈိမ -နောက်ထပ်သိချင်တာက ဘိလပ်မြေစက်ရုံတို့၊ ကျောက်မီးသွေးစက်ရုံတို့ က အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်မယ် ထင်ပါတယ်။

Prof: MMK - ဆိုင်ပါတယ် ခင်ဗျ။ ကျောက်မီးသွေးတွေကို ကန့်ကွက်နေတာက သူတို့ထွက်လာတဲ့ အမှုန်တွေက လူတွေကို ရောဂါဖြစ်စေတယ်။ အမှုန်ကတော့ ဘယ်အမှုန်မဆို အဆုတ်ရောဂါကို ဖြစ်စေတယ်။ ကျွန်တော်တို့ ရွှေရှာတဲ့လူတွေ၊ မိုင်းစင်မှာ လုပ်တဲ့လူတွေက အဆုတ်ရောဂါကို ဖြစ်စေတယ်။

မဇ္ဈိမ - အဲ့တော့ ကျွန်တော်တို့ ခုနကပြောတာက သဘာဝပတ်ဝန်းကျင်လည်း ထိန်းသိမ်းဖို့ လိုတယ်ပေါ့။ ကျွန်တော်တို့ ကားတွေများလာတဲ့ ပြဿာနာပေါ့နော်။ ပြီးရင် သစ်ပင်တွေ ရှားပါးသွားတဲ့ အခြေအနေ။ ဒါတွေက ရောဂါဖြစ်စေတဲ့ အခြေအနေတွေကို ပိုပြီးတော့ တိုးများလာတယ်ဆိုတာပေါ့နော်။ အဲ့တော့ နောက်တစ်ခုက နေထိုင်မှုပုံစံပေါ့နော်။ တခြားနိုင်ငံတွေမှာဆိုရင်တော့ တော်မယ်လို့ထင်ပါတယ်။ ကျနော်တို့ဆီမှာဆိုရင် အခန်းကျဉ်းနဲ့ နေရာတာ လူအများနဲ့နေရတာ ဒါကလည်း အသက်ရှှုတဲ့အခါမှာ ဘာများ ဖြစ်နိုင်ပါလဲ။

Prof: MMK - ဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီး Passive Smoking ဆိုတာရှိပါတယ်။ သူက ဘေးနားကလူက ဆေးလိပ်သောက်နေရင် ပတ်ဝန်းကျင်က လူတွေက အငွေ့ကိုရှူရတာခင်ဗျ။ အိမ်တွေမှာလည်း ကျနော်တို့နိုင်ငံက လူတွေက တချို့က အလုံပိတ်တဲ့အခါ တစ်ယောက်ယောက် ဆေးလိပ်သောက်ရင် ကျန်တဲ့ အိမ်သားတွေက ဒီဟာကို ရှူရပါတယ်။ နောက်တစ်ခုကတော့ မီးခိုးပေါ့။ ဒါပေမယ့် လျှပ်စစ်နဲ့ ချက်နေတဲ့အခါကျတော့ မီးခိုးက နည်းသွားတယ်။ တချို့တောတွေမှာတော့ ဒီထင်းကိုသုံးနေတဲ့အခါကျတော့ ဒီမီးခိုးငွေ့ကို ရှူရပါတယ်ခင်ဗျ။ ဒါကလည်း အဆုတ်ကင်ဆာကို ဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ ဆွေးနွေးသလိုပေါ့။ အိမ်တွေက ကျပ်တည်းလာတဲ့အခါကျတော့ လေဝင်လေထွက်က မကောင်းတဲ့အခါ အဆုတ်ရောဂါ တစ်ခုခုဖြစ်ရင် ဟိုတလောက H1N1 ဖြစ်ရင် ကူးစက်လွယ်တယ်ခင်ဗျ။ အိမ်တွေက လေဝင်လေထွက်မကောင်းတဲ့အခါကျတော့ ဒီအဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာကို ထိခိုက်နိုင်ပါတယ်။

အပိုင်း (၂) ဆက်လက်ထုတ်လွှင့်ပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly