မကွေးတိုင်းမှ တဆင့် ခိုးဝင်သူများ မရှိစေရေး လုံခြံုရေးတိုးမြှင့် ဆောင်ရွက်လျှက်ရှိ

မကွေးတိုင်းမှ တဆင့် ခိုးဝင်သူများ မရှိစေရေး လုံခြံုရေးတိုးမြှင့် ဆောင်ရွက်လျှက်ရှိ

မကွေး၊ စက်တင်ဘာ ၈ ။         ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီမရှိစေရေးအတွက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လျှက်ရှိကြောင်း ငဖဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခိုးဝင်ဘင်္ဂါလီ မရှိစေရေးအတွက် စက်တင်ဘာ(၇)ရက်နေ့မှ စတင်ပြီး ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေအဖွဲ့ နှင့်ရဲတပ်ဖွဲ့ပူးပေါင်းကာ စာတတ်ကူးမောင်းတံဂိတ်တွင် ရခိုင်ရိုးမနှင့် မကွေးတိုင်းအတွင်း ဖြတ်သန်း သွားလာနေသော ယာဉ်များအား အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းငဖဲမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်က မဇ္ဈိမသို့ ပြောသည်။

“ မနေ့က ညနေ ၄နာရီလောက်ကစပြီး စာတတ်ကူးဂိတ်မှာ အထူးဂရုစိုက် စစ်ဆေးနေပါတယ်၊ လောလောဆယ်တော့ ထူးခြားမှု မရှိသေးပါဘူး။ ကျွန်တော်တို့က လုံခြုံရေးကို အထူးဂရုစိုက် လုပ်နေပါတယ်၊ လာသမျှ ယာဉ်တွေဆိုင်ကယ်တွေကို တားဆီး ပိတ်ဆို့ စစ်ဆေးနေပါတယ်၊ နယ်မြေလုံခြုံရေးအတွက် အထူးကြပ်မတ်ပြီး လုံခြုံရေးလုပ်နေရတယ်။ ဝပ်ကင်း၊ ရပ်ကင်း၊ စောင့်ကြည့်ကင်းတွေနဲ့ မသင်္ကာဧည့်စိမ်း ဖောက်ထွက်ဝင်ရောက်မှု မရှိစေရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု ရဲမှူးက ပြောသည်။

ထို့အပြင် ခိုးဝင်ဘင်္ဂါလီများသည် ရခိုင်ရိုးမကိုကျော်လွန်၍ ငဖဲမြို့နယ်မှတစ်ဆင့် မကွေးတိုင်းအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်းကြောင့် လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယနေ့အထိ ခိုးဝင်ဘင်္ဂလီများ မတွေ့ရှိသေးကြောင်း ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။

“မကွေးတိုင်း ငဖဲမြို့နယ်နဲ့ ဂုတ်ကြီးကျေးရွာက ရခိုင်ပြည်နယ်သွားတဲ့ လမ်းမပေါ်မှာရှိတယ်၊ ပြီးတော့ ပဒါန်းကျေးရွာက လမ်းဆုံဖြစ်နေတယ်။ တောင်ပေါ်က ဆင်းလာမယ့် ဘင်္ဂလီတွေက ဂုတ်ကြီးကတဆင့် ပဒါန်းကျေးရွာ ရောက်ပြီဆို နိင်ငံအဝှမ်း ထွက်သွားနိင်တယ် ဒါကြောင့် ဂုတ်ကြီးရယ် ပဒါန်းကျေးရွာ လမ်းဆုံတွေမှာ လုံခြုံရေး အထူးကြပ်မတ်စစ်ဆေးနိင်မှ ခိုးဝင်ဘင်္ဂလီရန်က အေးနိင်မယ်ဟု” ဟု ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာနေ ကို ကိုမျိုးလှိုင်ဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required