Miss United Continents ပြိုင်ပွဲအတွက် အလှမယ် W မေရှင်းစိန် အီကွေဒေါတွင် သွားပြိုင်မည်

Miss United Continents ပြိုင်ပွဲအတွက် အလှမယ် W မေရှင်းစိန် အီကွေဒေါတွင် သွားပြိုင်မည်

ရန်ကုန်၊စက်တင်ဘာ ၈ ။         ။ အီကွေဒေါနိုင်ငံတွင် စက်တင်ဘာ ၂၃ရက်၌ ကျင်းပပြုလုပ်မည့် Miss United Continents ပြိုင်ပွဲ အတွက် Miss F.M.F Myanmar 2017 (MISS UNITED CONTINENTS MYANMAR 2017) W မေရှင်းစိန်သည် စက်တင်ဘာ ၇ရက်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် Miss F.M.F Myanmar 2017 Winner ကို ရွေးချယ်ကာ Miss United Continents ပြိုင်ပွဲသို့ စေလွှတ်ခြင်း ဖြစ်သည်။

Miss F.M.F Myanmar အလှမယ် ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်ပြီး Miss F.M.F Myanmar အဖွဲ့အစည်းမှ ကြီးမှူးကျင်းပခဲ့ပြီး ပြည်တွင်း Miss အနေဖြင့်သာ ရွေးချယ်ခဲ့ကာ ယခုနှစ်မှာတော့ Winner ရရှိသူသည် Miss United Continents ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ရခြင်းလည်း ဖြစ်သည်။

အလှမယ် W မေရှင်းစိန် သည် ကချင်တိုင်းရင်းသူတစ်ဦးဖြစ်ပြီး Miss United Continents ပြိုင်ပွဲ အတွက် ကြိုတင်လေ့ကျင့်မှုများပြုလုပ်သွားပြီး ၎င်းသည် Miss Goldenland Myanmar 2015 ပြိုင်ပွဲတွင် Miss Intercontinental Myanmar 2015 အဖြစ်ရွေးချယ်ခြင်းခံခဲ့ရ သလို နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံရှိသည့် အလှမယ်တစ်ဦးလည်း ဖြစ်သည်။

အလှမယ် W မေရှင်းစိန် မှ Miss United Continents ပြိုင်ပွဲ အတွက် “vote ပေးဖို့ရှိရင် ပေး ပေးကြဖို့ အကူညီတောင်းပါတယ်နော် ချစ်တို့ရေ။ အကောင်းဆုံး ကြိုးစားခဲ့ပါမယ်” ဟု ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

Miss United Continents အလှမယ် ပြိုင်ပွဲကို အီကွေဒေါနိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်၌ ကျင်းပ သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၂နိုင်ငံ တို့မှ အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly