မောင့်ကျက်သရေ ခေါင်းပေါင်းဖြင့် ဘုရားမရှိခိုးနိုင်ဟု ဘုရားဟောတွင် မပါကြောင်း သာသနာရေးထုတ်ပြန်

မောင့်ကျက်သရေ ခေါင်းပေါင်းဖြင့် ဘုရားမရှိခိုးနိုင်ဟု ဘုရားဟောတွင် မပါကြောင်း သာသနာရေးထုတ်ပြန်
ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊စက်တင်ဘာ၈ ။         ။ မောင့်ကျက်သရေခေါင်းပေါင်းဖြင့် ဘုရားမကန်တော့ရဟု ဘုရားဟောဒေသနာတွင် မပါရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့စက်တင်ဘာလ ၈ရက်နေ့၌ ထုတ်ပြန်လိုက်သည်။

ဘုရားကန်တော့ရာတွင် မောင်ကျက်သရေခေါင်းပေါင်းဆောင်း၍ ကန်တော့၍ မရကြောင်း ဗဟုသုတဟင်းလေးအိုးကြီး လူမှုကွန်ရက်စာမျက်နှာ၌ ယမန်နေ့က ဖော်ပြခဲ့သည်။

ယမန်နေ့က အိန္ဒိယဝန်ကြီးချုပ် မိုဒီ ရွှေတိဂုံစေတီတော်သို့ သွားရောက်ကြည်ညိုရာတွင် လိုက်က်ပါပို့ဆောင်သူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဘုရားဝတ်ပြုစဉ် မောင့်ကျက်သရေ ခေါင်းပေါင်းမချွတ်ခြင်းကို လူမှုကွန်ယက်ပေါ်၌ ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့ပြီးနောက် ယခုလို ထုပ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါဝေဖန်မှုများကို  ဂုဏ်သိက္ခာထိခိုက်စေသည့် ရေးသားဖော်ပြမှုဟုဆိုကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်း၌ ဂုဏ်သိက္ခာထိခိုက်စေသည့်အသုံးအနှုန်းများ ရေးသားပါရှိလာပါက တည်ဆဲဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအမျိုးသားများသည် ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ ပွဲလမ်းသဘင်အခန်းအနားများ၊ လွှတ်တော်အစည်းအဝေးများနှင့် နိုင်ငံတကာ ဧည့်သည်တော်များ ကြိုဆိုခြင်းဆေင်ရွက်ရာ၌ ပုဆိုး၊ တိုက်ပုံ၊ မောင့်ကျက်သရေခါင်းပေါင်းတို့ဖြင့် မြန်မာယဉ်ကျေးမှုကို ဖော်ပြနေခြင်းဖြစ်သည်ဟု ၎င်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required