ဆေးထိုးကြက်သားများရဲ့ အန္တရာယ်

ဆေးထိုးကြက်သားများရဲ့ အန္တရာယ်

By Phyu Mon Latt
Medically reviewed by Dr. K Zin Thwe.

ကြက်သားဟာ အရသာရှိရုံတင်မကပဲ အခြားအသားတွေနဲ့ ယှဉ်ရင် ကျန်းမာရေးနဲ့ အတော်ညီညွတ်ပါတယ်။ သို့သော်လည်း ကြက်သားစားတဲ့သူတွေဟာ ညစာအတွက်စားတဲ့ ကြက်သားချက်ဖို့ ပြန်စဉ်းစားဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကြက်သားစားသုံးခြင်းဟာ ဆေးများထိုးထားမလားဆိုပြီး အန္တရာယ်ရှိလို့ပါပဲ။

ကြက်သားရဲ့ ကောင်းကျိုးများ

ကြက်သားစားခြင်းဟာ ကြွက်သားတွေကို သန်မာစေခြင်း၊ ကျန်းမာစေခြင်း၊ ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း (သို့) သွေးဆုံးကိုင် လက္ခဏာတွေကို လျော့ကျစေခြင်း အစရှိတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဒါ့ပြင် သေချာချက်ပြုတ်ရင် ကြက်သားဟာ အလွန်အရသာ ရှိပါတယ်။ ဒါ့ကြောင့် ကြက်သားဈေးကွက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း ကြက်သားဈေးကွက်မြင့်တက်လာခြင်းကပဲ မလိုလားအပ်တဲ့ သေစေလောက်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဘာလို့လဲဆိုတော့ အဓိကအားဖြင့် အလယ်အလတ် (သို့) ကြီးမားတဲ့ ကြက်ခြံတွေမှာ ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲလို့ပဲ ဖြစ်ပါတယ်။

ကြက်သားစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများ

သိပ္ပံပညာရှင်တွေက လယ်သမားတွေဟာ ငှက်တွေကို ပိုမိုကြီးထွားလာဖို့၊ ဖျားနာမှု အမျိုးမျိုးကနေ ကာကွယ်နိုင်ဖို့နဲ့ ဝလာစေဖို့အတွက် ပိုးသတ်ဆေးတွေ ထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ ဥပဒေက ခွင့်ပြုထားတာနဲ့အညီ အသုံးပြုတဲ့ ပိုးသတ်ဆေးပမာဏနဲ့ အမျိုးအစားဟာ တိကျသေချာသင့်ပါတယ်။ သို့သော်လည်း ကြက်ခြံပိုင်ရှင်တွေဟာ အမြတ်ပိုလိုချင်တာကြောင့် ကြက်တွေကို ဆေးအမျိုးအစားများများကို ပမာဏမြင့်မြင့် ထိုးတတ်ကြပါတယ်။ ဒီအပြုအမူကတော့ လူသားတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်မရှိပါဘူး။

ဆေးဒဏ်ခံနိုင်တဲ့ ပိုးမွှားများ

သူတို့ဟာ ဘာကိုဖန်တီးလိုက်သလဲဆိုတော့ ဘာဆေးကိုမဆို မတိုးတော့တဲ့ အသက်ရှင်နိုင်တဲ့ ဘက်တီးရီးယားပိုဖြစ်တဲ့ ‘super bugs”တွေကို ဖန်တီးလိုက်ပါတယ်။ တခြားစကားနဲ့ ပြောရရင် ဒီပိုးမွှားတွေဟာ ဖျားနေတဲ့လူတွေကို ဘယ်ပိုးသတ်ဆေးကိုမဆို ခံနိုင်ရည်ရှိအောင် လုပ်လိုက်ပါတယ်။ ဒါ့ကြောင့် ဘယ်ပိုးသတ်ဆေးကမှ အလုပ်မလုပ်တော့တာကြောင့် ပုံမှန်အအေးမိခြင်းကတောင် သေဖွယ်ဖြစ်နေပါတယ်။

အခြား ပိုးသတ်ဆေးများ

မနှစ်က Kenya Medical Research Institute က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ Nairobiမှာ ရောင်းတဲ့ကြက်မှာ ဆေးအများအပြားအထိုးခံထားရ ရုံတင်သာမက ဆေးယဉ်ပါးနေတဲ့ Ecoli ပိုး ကိုပါတွေ့ရှိခဲ့ပါတယ်။

ပုံမှန်အားဖြင့် Ecoli ပိုးကို လူနဲ့ အခြားတိရိစ္ဆာန်တွေရဲ့ အူအတွင်းမှာ တွေ့ရှိရပြီးတော့ လူကို အန္တရာယ် မဖြစ်စေပါဘူး။ ဒါပေမယ့် ရောင်းတဲ့ ကြက်မှာတွေ့ရတဲ့ Ecoli ကတော့ ကုသခြင်းမရှိရင် သေနိုင်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ အတွက် အလွန်ကြောက်မက်ဖွယ် ကောင်းပါတယ်။

လေ့လာမှုအရ ၇၅%သော isolates တွေဟာ အနည်းဆုံး ဆယ့်နှစ်ခုမှာ တစ်ခုသော ပိုးသတ်ဆေးတွေနဲ့ ယဉ်ပါးမှု ရှိကြပြီး သူတို့ရဲ့ ၄၀.၄%ကတော့ ပြင်းထန်တဲ့ အမျိုးအစားဆယ်ခု ပါဝင်ကြပါတယ်။

Salmonella ပိုးဟာ အခြား ဘက်တီးရီးယားတစ်မျိုး ဖြစ်ပြီး အစာအဆိပ်သင့်ခြင်းကိုဖြစ်စေပါတယ်။ သူဟာလည်း ပိုးသတ်ဆေးယဉ်ပါးမှု ဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးကို ကြက်သားမှာသာမက အခြားအစားအစာတွေ ဖြစ်တဲ့ အသား၊ ကြက်ဥ၊ နွားနို့တွေမှာလည်း တွေ့ရတတ်ပါတယ်။ Ecoli လိုမျိုးပဲ ဒီရောဂါပိုးရရှိခဲ့မယ်ဆိုရင် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်းနဲ့ အဖျားပြင်းထန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

ကြက်သားဟာ လူတွေကို ကျန်းမာစေရုံသာမက များပြားလှတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းပါတယ်။ ဒါပေမယ့် သူ့အသားဟာ ထိုးဆေးတွေနဲ့ ညစ်ညမ်းနိုင်တာကြောင့် ကြက်သားကို တရားဝင်တဲ့နေရာတွေကပဲ ဝယ်သင့်ပါတယ်။

ဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly