ပရီးမီးယားလိဂ်က နွေရာသီအပြောင်းအရွှေ့ကို ရာသီသစ် မစတင်မီ ပိတ်သိမ်းမည်

ပရီးမီးယားလိဂ်က နွေရာသီအပြောင်းအရွှေ့ကို ရာသီသစ် မစတင်မီ ပိတ်သိမ်းမည်
(ဓာတ်ပုံ - အီးပီအေ)

ပရီးမီးယားလိဂ်ကလပ်အသင်းများဟာ နွေရာသီအပြောင်းအရွှေ့ကာလကို ရာသီသစ် မစတင်မီ ပိတ်သိမ်းဖို့ ကြာသပတေးနေ့က ဆန္ဒမဲ ပေးခဲ့ကြပြီး ၎င်းစနစ်သစ်ကို လာမယ့်ရာသီမှာ စတင်အသုံးပြုတော့မှာဖြစ်ပါတယ်။

အဆိုပါပြောင်းလဲမှုက ကလပ်အသင်းများအတွက် ကစားသမားသစ်များကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ကစားမယ့် ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ကြာသပတေးနေ့ နောက်ဆုံးထား မှတ်ပုံတင်ရမယ့် နောက်ဆုံးနေ့ဖြစ်လာလိမ့်မယ်လို့ ဆိုလိုပါတယ်။

ဒါပေမယ့် ကလပ်အသင်းများဟာ ကစားသမားအထွက် (ရောင်းထုတ်)ကိုမှု ခါတိုင်းလို သြဂုတ်လ ၃၁ ရက်အထိ တခြားလိဂ်များရဲ့ အသင်းများထံ ပြောင်းရွှေ့နိုင်ပါလိမ့်မယ်။

ယခုပြောင်းလဲမှုများဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလကို သက်ရောက်မှာ မဟုတ် (သို့) အင်္ဂလန်အောက်တန်းလိဂ်မှာ အကျုံးဝင်မှာ မဟုတ်ပါဘူး။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required