ပြည်ခိုင်ဖြိုး ပါတီအခြေအနေများ ရှုပ်ထွေးနေပြီး ဦးရွှေမန်းနှင့် ဦးမောင်မောင်သိမ်း နေအိမ်များတွင်သာရှိနေ

ပြည်ခိုင်ဖြိုး ပါတီအခြေအနေများ ရှုပ်ထွေးနေပြီး ဦးရွှေမန်းနှင့် ဦးမောင်မောင်သိမ်း နေအိမ်များတွင်သာရှိနေ
နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်။ ဓါတ်ပုံ - မဇ္စျိမ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အခြေအနေများ ရှုပ်ထွေးနေပြီး ပါတီ ဥက္ကဌ ဦးရွှေမန်းနှင့် အထွေထွေ အတွင်းရေးမှုး ဦးမောင်မောင်သိမ်းတို့ နေအိမ်များတွင်သာ ရှိနေကြောင်း ဦးမောင်မောင်သိမ်းက မဇ္ဈိမကို သြဂုတ် ၁၃ရက် နံနက် ၁၀နာရီ ၃၂မိနစ်တွင် ဖြေကြားသည်။

ဦးမောင်မောင်သိမ်းက “အခြေအနေတွေက ရှုပ်ထွေးနေတာ၊ သူ(ဦးရွှေမန်း)အိမ်မှာ ကျန်းကျန်းမာမာရှိတယ်။ ကျွန်တော်လည်း အိမ်မှာပဲ၊ ရုံးမှာတော့ ဗဟိုအလုပ်အမှုအဆောင် အစည်းအဝေးလုပ်နေတယ်။ နေရာအပြောင်းအလဲတွေကို တော့ ဦးဌေးဦးကိုပဲမေးကြည့်လိုက်ပါ” ဟု ဆိုသည်။

အာဏာရပါတီအခြေနေနှင့် ပါတီဥက္ကဌ ဦးရွှေမန်းကို ထိန်းသိမ်းသည်ဟု ထွက်ပေါ်နေသည့် သတင်းများအပေါ် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်းပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးရုံးတွင် ဗဟိုအလုပ်မှုဆောင်အစည်းအဝေးပြုလုပ်နေသော်လည်း ပါတီဥက္ကဌနှင့် အထွေထွေအတွင်း ရေးမှုးတို့မှာ မိမိနေအိမ်များတွင်သာရှိနေပြီး ဦးဌေးဦးအပါအဝင် တစ်ခြား ဗဟိုအလုပ်အမှုဆောင်များဖြင့်သာ
အစည်းအဝေးကို ပြုလုပ်နေခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးရုံးတွင်ပြုလုပ်နေသည့် အစည်းအဝေးက မည်သည့်အတွက်ပြုလုပ်သည်ကိုမူ ဦးမောင်မောင်သိမ်း အနေဖြင့် ဖြေကြားပေးလိုခြင်းမရှိကြောင်းနှင့် တစ်ခြားအကြောင်းအရာများကိုလည်း ဦးဌေးဦးသို့သာ ဆက်သွယ်မေးမြန်းရန် ပြောဆိုသည်။

လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်အပြောင်းအလဲနှင့် ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းသည် ဆိုသည့် သတင်းများမှာ လူမှုကွန်ယက်စာမျက်နှာတွင် ပျံနံှ့လျက်ရှိသည်။ သူရဦးရွှေမန်းသည်
၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဇာတိမြေ ကညွတ်ကွင်းပါသည့် ဖြူးမြို့နယ်မှ ဝင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required