အာဆင်နယ်အတွက် အာရုံစိုက်ကစားတော့မယ်လို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ဆန်းချက်ဇ်

အာဆင်နယ်အတွက် အာရုံစိုက်ကစားတော့မယ်လို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ဆန်းချက်ဇ်

စက်တင်ဘာ ၇၊ အင်္ဂလန် ။          ။ ချီလီအသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲသွားရောက်ကစားပြီး အင်္ဂလန်ကိုပြန်လာတဲ့ ဆန်းချက်ဇ်က အာဆင်နယ်အသင်းအတွက် အာရုံစိုက်ပြီးကစားတော့မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

ဆန်းချက်ဇ်ဟာ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာမှာ အာဆင်နယ်ဂျာစီနဲ့ပုံ ၂ ပုံကို တင်ခဲ့ပြီး ပထမပုံမှာ “Back Home, Focus” ဆိုပြီး ရေးသားခဲ့ပါတယ်။ ဒုတိယ ပုံကတော့ ပြီးခဲ့တဲ့နှစ်က အာဆင်နယ်အသင်းအက်ဖ်အေဖလားရရှိပြီးတဲ့နောက် သူနဲ့အာဆင်နယ်ပရိသတ်တွေ နှုတ်ဆက်နေပုံဖြစ်ပတယ်။

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတစ်လျှောက်လုံးအသင်းပြောင်းဖို့ အလိုရှိခဲ့သူဖြစ်ပါတယ်။ မန်စီးတီးကို ပေါင် ၅၅ သန်းနဲ့ပြောင်းဖို့ သဘောတူညီခဲ့ပြီးဖြစ်ပေမယ့် အာဆင်နယ်ကို လီမာ မရောက်လာလို့ အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့ရတာပါ။

အာဆင်နယ်က စာချုပ်သစ်ချုပ်ဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့ပြီး တစ်ပတ်လစာငွေကို ပေါင် ၄ သိန်းအထိ တောင်းခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဆန်းချက်ဇ်ကို အာဆင်နယ် ပရိသတ်တွေက မကြည်ဖြူခဲ့ကြပါဘူး။

လီဗာပူးလ်ကို ၄-၀ ဂိုးနဲ့ရှုံးခဲ့ရတဲ့ပွဲမှာ ပါဝင်ကစားခဲ့သေးပေမယ့် ဆန်းချက်ဇ်ရဲ့ပုံစံက အာရုံစုူးစိုက်မှုလျော့နည်းနေပြီး သူ့ရဲ့ပုံစံကောင်းကိုလည်း မရခဲ့ပါဘူး။ အခုတော့ “အိမ်ကိုပြန်လာပြီ၊ အာရုံစူးစိုက်တော့မယ်” လို့ ရေးသားခဲ့ပါတယ်။ ဒီရေးသားမှုတွေက အာဆင်နယ်ပရိသတ်တွေရဲ့ ယုံကြည်မှုနဲ့အားပေးမှုကို ပြန်ရဖို့ လုံလောက်မှုမရှိသေးဘူးလို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ရည်ညွှန်း TheSun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required