‘မက်ဆီနဲ့ စီရော်လ်နယ်ဒိုကို ပီအက်စ်ဂျီအသင်း ငွေပုံပေးပြီး ဝယ်ယူနိုင်ပါတယ်။’ - လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘက်စ်

‘မက်ဆီနဲ့ စီရော်လ်နယ်ဒိုကို ပီအက်စ်ဂျီအသင်း ငွေပုံပေးပြီး ဝယ်ယူနိုင်ပါတယ်။’ - လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘက်စ်

လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘက်စ်က မက်ဆီနှင့် စီရော်လ်နယ်ဒိုတို့ကို ပီအက်စ်ဂျီအသင်းဟာ ဝယ်ယူနိုင်တဲ့ အနေအထားကြောင့် ယခုနှစ်နွေရာသီက နေမာရဲ့ အပြောင်းအရွှေ့လိုမျိုး ဖြစ်လာမှာကို စိုးရိမ်မှုများရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နေမာဟာ သြဂုတ်လအစောပိုင်းက ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၉ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး လာလီဂါ ဥက္ကဌက ယူအီးအက်အေ ဥရောပဘောလုံးအဖွဲချုပ်အနေနဲ့ နေမာရဲ့ ပြောင်းရွှေ့မှုအပေါ် ဘဏ္ဍရေးမျှခြေ စည်းမျဉ်းများ (FFP) ဖြင့် စုံစမ်းစစ်ဆေးမှုပြလုပ်ရန် လိုအပ်ကြောင်း တောင်းဆိုထားပါတယ်။

လာလီဂါ ဥက္ကဌက ပြင်သစ်ကလပ် ပီအက်ဂျီအနေဖြင့် ငွေကြေးချမ်းသာမှုကို အသုံးချပြီး အနာဂတ်မှာ နာမည်ကြီးကစားသမားများကို ငွေပုံအောပေးကာ ခေါ်ယူနိုင်တယ်လို့ ယုံကြည်နေတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

(ဓာတ်ပုံ - အီးပီအေ)

မက်ဆီနှင့် စီရော်လ်နယ်ဒိုတို့မှာ နောက်ဆုံးဆယ်စုနှစ်များအတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်သလို ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့အတွက် ၎င်းတို့ရဲ့ ထိပ်တန်း စွမ်းဆောင်ရည်များဖြင့် လာလီဂါပြိုင်ပွဲကို ဂုဏ်သိက္ခာဖြင့်တင်ပေးနေတာဖြစ်ပါတယ်။

ဒီကိစ္စတွေနှင့် ပတ်သက်လို့ တီဘက်စ်က သူတို့ရဲ့ အနာဂတ်အပေါ် ၎င်းရဲ့ စိုးရိမ်ပူပန်မှုဖြစ်လာစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

"ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ အခြားအဖွဲ့အစည်းတွေဟာ မယုံနိုင်လောက်တဲ့ ဝင်ငွေတွေ ဘယ်က လာတယ်ဆိုတာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်။"လို့ လာလီဂါ ဥက္ကဌက ပြောပါတယ်။

"စီရော်လ်နယ်ဒိုနဲ့ မက်ဆီကို လျော်ကြေးစာချုပ်ပါအတိုင်း ဝယ်ယူမှုတွေ မြင့်မားလာပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက လိုချင်တယ်ဆိုရင် တန်တယ်မတန်တာ အဓိကမထားဘဲ ငွေပုံပေးပြီး ဝယ်ယူနိုင်ပါတယ်။ ကျနော်တို့ ဒါတွေကို လက်မခံနိုင်ပါဘူး။"

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags