မိုဒီအတွက် အမာခံပရိသတ်

မိုဒီအတွက် အမာခံပရိသတ်

မြန်မာပြည်ပေါက် မွတ်စလင်ညီအစ်မအတွက် နာရိန္ဒြာမိုဒီဟာ စက္ခုပဿဒဖြစ်စရာ အားမာန်ပါတဲ့ အမျိုးသားတစ်ဦးပါပဲ။

သူတို့နှစ်ဦးစလုံးဟာ စက်တင်ဘာ ၆ ရက်က အမျိုးသားအားကစားရုံမှာ အမျိုးသား၊ အမျိုးသမီး ၂၀၀၀ ခန့် တက်ရောက်တဲ့ မိုဒီ မိန့်ခွန်းပြောကြားရာကို သွားရောက်နားထောင်ခဲ့ပါတယ်။
"မိုဒီဟာ သူရဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ ပြည်သူပြည်သားတွေအတွက် အိန္ဒိယမှာ ချီးမွမ်းစရာကောင်းတဲ့ အရာများစွာကို လုပ်ဆောင်နေသူပါပဲ။"လို့ ဟာစီနာခန်းက ပြောတဲ့အခါ ညီမဖြစ်သူ ဟာလီမာကလည်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြီး ဘေးက ထောက်ခံပါတယ်။

"မိုဒီဟာ သူ့နိုင်ငံကို စုစည်းတဲ့ နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ဖော်ဆောင်နေတဲ့ သူပါ။"လို့ ဟာလီမာခန်းကလည်း ဆိုပါတယ်။

ဟာစီနာတို့ ညီအစ်မဟာ မျိုးချစ်၊ နိုင်ငံချစ်တဲ့ ညီအစ်မနှစ်ဦးဖြစ်တာကြောင့် အိန္ဒိယမှာ ဖြစ်ထွန်းတဲ့ ကောင်းတဲ့အရာတွေကို ဒီမြန်မာနိုင်ငံတွင်းမှာလည်း ဖြစ်ထွန်းစေလိုကြပါတယ်။

မွတ်စလင်တွေ ဖြစ်ပေမယ့်လည်း ညီအစ်မနှစ်ဦးဟာ မိုဒီရဲ့ ဂူဂျာရတ်အဓိကရုဏ်း နှိမ်နင်းမှု နာမည်ဆိုးအပြင် ဒီမိုကရေစီကျင့်သုံးရာမှာ အပြောမှား အဆိုမှား ရှိခဲ့တာတွေကိုလည်း စိတ်ဝင်တစား ရှိကြပါတယ်။

"ခေါင်းဆောင်အနေနဲ့ လုပ်နေကိုင်နေရတာကြောင့် မှားကောင်းမှားပါမယ်။ ဒါပေမယ့် အရေးကြီးတာက သူဟာ အလုပ်ကို မမောနိုင် မပန်းနိုင် လုပ်နေတယ်ဆိုတာပါပဲ။"လို့ ဟာစီနာက ဆိုပါတယ်။

တစ်ခြား အိန္ဒိယဝန်ကြီးချုပ်တွေနည်းတူ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်တဲ့အတွက် မိုဒီကို အိန္ဒိယမျိုးနွယ်ဝင် ဆန်ဂျေးကူပူးယားက ကျေးဇူးတင်နေသူပါပဲ။

"ခုလို လာတဲ့အတွက် သူကို ကျွန်တော် ကျေးဇူးတင် ဂုဏ်ပြုတယ်။ သူဟာ အားကောင်းတဲ့ ခေါင်းဆောင်သူပါ။ သူ့ခရီးစဉ်ဟာ ဒီနိုင်ငံမှာ ရှိနေတဲ့ အိန္ဒိယမျိုးနွယ်တွေအတွက် ကောင်းဖို့ပဲ ရှိတာပေါ့ဗျာ။"လို့ ဆန်ဂျေးက ပြောပြီး လူပြည့်လူလျှံရှိနေတဲ့ အားကစားရုံထဲ Netaji ရဲ့ INA တေးသွား 'madam madam baraye ja' ကို ဟိန်းနေအောင် တီးခတ်သီဆိုနေကြပုံကို ညွှန်ပြပါတယ်။

အခု အိန္ဒိယအသိုင်းအဝန်းဟာ အိန္ဒိယရဲ့ ထွေထူးကွဲပြားတဲ့ ယဉ်ကျေးမှု အကအလှအမျိုးမျိုးကို ကပြဖျော်ဖြေကြပါတယ်။

တဂိုးအက ကနေ ဂူဂျာရတ်အက၊ အိန္ဒိယတောင်ပိုင်း တီလီဂူအကတွေကို တေးသွားတွေအလိုက် ကပြကြပါတယ်။

အိမ်ထောင်ရှင်မ အိန္ဒိယမျိုးနွယ်တစ်ဦးဖြစ်တဲ့ နီတာဗာမားက " ကျွန်မ ဘာကြောင့် မပျော်ရမှာလဲ။ အိန္ဒိယမှာ ကြီးမြတ်တဲ့ခေါင်းဆောင် ရထားပြီလေ။"လို့ ဆိုပါတယ်။

"မိုဒီဟာ ကျွန်တော်တို့ကို အိန္ဒိယနဲ့ ထိတွေ့ပေးလိုက်သလိုပဲ။ ဒုတိယကမ္ဘာစစ်တုန်းက အိန္ဒိယသူရဲကောင်း Netaji Subhas လိုပါပဲ။"လို့ တီကေပါးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အိန္ဒိယနွယ်ဖွား တစ်သန်းနီးပါး ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ၁၉၆၇ နိုင်ငံခြားသားအက်ဥပဒေနဲ့ ပြည်သူပိုင်သိမ်းလာတဲ့ နောက်ပိုင်းမှာ အရေအတွက် သိသိသာသာ ကျဆင်းသွားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကျန်နေရစ်သူတွေအတွက်ကလည်း တိုင်းရင်းသားပဋိပက္ခတွေ၊ သူပုန်တော်လှန်မှုတွေကြောင့် ကြောက်လန့်ထိတ်လန့်နေရပြီး အသိုင်းအဝန်းကို အားတက်စေမယ့် မိုဒီလို ခေါင်းဆောင်မျိုး လိုအပ်နေတာ အမှန်ပါပဲ။

မိုဒီအနေနဲ့လည်း တရုတ်ရဲ့ သြဇာလွှမ်းမှုကိုဟန့်တားရေး အရှေ့မျှော်မူဝါဒအောင်မြင်ရေးမှာ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ရင်းနှီးရေးကို ဦးတည်ထားတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly