ထိုင်းမှ မှာယူထားသောသ​င်္ဘောများ ရောက်ရှိပါက ရေ​ကြောင်​းဘတ်​စ် ​စတင်​မည်

ထိုင်းမှ မှာယူထားသောသ​င်္ဘောများ ရောက်ရှိပါက ရေ​ကြောင်​းဘတ်​စ် ​စတင်​မည်
သြစတေးလျနိုင်ငံမှ တင်သွင်းလာတဲ့ Yangon Water Bus ရဲ့ Catamaran အမျိုးအစား သင်္ဘောနှစ်စင်းကို ရန်ကုန်မြို့ နန်းသီတာဆိပ်ကမ်းတွင် သြဂုတ်လ ၁၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်ကုန်စက်တင်ဘာ၆ ။         ။ ထိုင်းနိုင်ငံမှ  မှာယူထားသည့်သင်္ဘောများကျန်ရှိနေသေးသောကြောင့် ရေကြောင်း ဘတ်စ်အား လာမည့် အောက်တိုဘာမှ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင် အဖွဲ့(YRTA)၏ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

"Water Taxi ကလည်း တစ်ခုလိုနေလို့ ၊ ထိုင်းက သွင်းတဲ့ဟာ လမ်းပေါ်ပဲ ရှိသေးလို့ အတိအကျ မပြောနိုင်သေးဘူး။ အဲ့ဒါပြီးရင် ဆရာတို့က Safety(လုံခြုံဘေးကင်းမှု)တွေပါ စစ်ရဦးမှာ"ဟု YRTAမှ ဒေါက်တာမောင်အောင်က ဆိုသည်။

ရန်ကုန်ရေကြောင်းဘတ်စ်မှာ ယခင်က စက်တင်ဘာလ၌ ပြေးဆွဲရန်စီစဉ်ထားသော်လည်း ထိုင်းနိုင်ငံထုတ်သင်္ဘောများကို စောင့်ဆိုင်းနေရသောကြောင့် အောက်တိုဘာလမှ ပြေးဆွဲနိုင်မည် ဖြစ်သည်။

ရန်ကုန်ရေကြောင်းဘတ်စ်တာဝန်ယူလုပ်ကိုင်နေသည့် တင့်တင့်မြန်မာကုမ္ပဏီက ထိုင်းနိုင်ငံမှသင်္ဘောရောက်ရန် ကျန်ရှိနေသေးကြောင်း အတည်ပြုပြောခဲ့ပြီး ကန်ဒေါ်လာ(၃၇)သန်းအထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

လက်ရှိတွင် ရေကြောင်းဘတ်စ် ပြေးဆွဲရန်အတွက် သဘောၤအတော်များများရောက်ရှိနေပြီး  သဘောၤ ၂ စီး  ကျန်ရှိနေသေးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စတင်ပြေးဆွဲမည့် ပုဂ္ဂလိကပိုင် ရေကြောင်းဘတ်စ်တွင် အနည်းဆုံး လူဦးရေ ၅၀ ဆံ့၊ ၁၀၀ ဆံ့နှင့် အများဆုံး ၂၀၀ ဆံ့ သင်္ဘောများပါဝင်မည်ဖြစ်ပြီး ပြည်တွင်းမှ သင်္ဘော ၇ စီး၊ ပြည်ပမှ သင်္ဘော ၆ စီး စုစုပေါင်း ၁၃ စီးနှင့် အရံသင်္ဘော ၃ စီးဖြင့် ပြေးဆွဲရန် စီစဉ်ထားပြီး သြစတေးလျ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံထုတ်သင်္ဘောများဖြစ်ကြသည်။

ရေကြောင်းဘတ်စ် စတင်ပြေးပါက အင်းစိန်- ဗိုလ်တစ်ထောင်ခရီးစဉ်ကို ဦးစွာပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးစဉ်အစ အဆုံး ၁နာရီ မိနစ်၂၀ ကြာမြင့်နိုင်သည်။

စီးနင်းခ ကျသင့်ငွေမှာ ပုံမှန် ၃၀၀ ကျပ်၊ ခရီးစဉ်အစဆုံး ၅၀၀ ကျပ် သတ်မှတ်ထားပြီး ကတ်နှင့်ဖြစ်စေ၊ ငွေလက်ငင်းပေး၍ ဖြစ်စေ ရေကြောင်းဘတ်စ်  စီးနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required