Champion ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မည်ဟု မာဒေါင်ဆွတ်အတည်ပြု

.

 

တောင်ကိုရီးယားမင်းသား မာဒေါင်ဆွတ်က သူသည် Champion ဟုအမည်ပေးထားသော ရုပ်ရှင်ဇာတ်ကား သစ်တွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ထိုရုပ်ရှင်သည် ၂၀၁၇ အတွင်း သူပါဝင်သရုပ်ဆောင်ထားသည့် ခြောက်ကားမြောက် ရုပ်ရှင်ဖြစ်လာမည် ဖြစ်သည်။

Champion သည် လက်မောင်းလှဲသည့် အားကစားအကြောင်းကို ပုံဖော်ရိုက်ကူးထားသော ဒရာမာရုပ်ရှင် တစ်ကားဖြစ်သည်။ မကြာသေးခင်က မာဒေါင်ဆွတ်သည် သူ၏ဖုဖောင်းနေသော လက်မောင်းကြွက်သားများ ဓာတ်ပုံကို သူ၏အင်စတာဂရမ်၌ တင်ခဲ့ပြီး ထိုရုပ်ရှင်အတွက် လေ့ကျင့်စဉ်တွင် သူ့အားဝိုင်းဝန်းကူညီပေးခဲ့ကြ သော လက်မောင်းလှဲအားကစားသမားများကို   ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

Champion ရုပ်ရှင်သည် ယခုနှစ်အတွင်း မာဒေါင်ဆွတ် ပါဝင်ရိုက်ကူးထားသော ခြောက်ကားမြောက်ရုပ်ရှင် ဖြစ်ပြီး အခြားဇာတ်ကားများမှာ Crime City၊ Brother ၊ Gomtangi ၊ Wonderful Life နှင့် With God တို့ ဖြစ်ကြသည်။

မာဒေါင်ဆွတ်သည် ဇာတ်ကားအများအပြားတွင် ကွဲပြားသောဇာတ်ရုပ်အမျိုးမျိုး၌ သရုပ်ဆောင်နိုင်သည့် သူ၏ အားကောင်းသော သရုပ်ဆောင်စွမ်းရည်ကြောင့် သူပါဝင်သော ဇာတ်ကားများသည်   အောင်မြင်ပြီး ရုံဝင်ငွေ အများအပြား ရရှိလေ့ရှိသည်။

Crime City ရုပ်ရှင်ကို လာမည့်အောက်တိုဘာလ ၄ ရက်နေ့တွင် ရုံတင်ပြသသွားမည်ဖြစ်သည်။