Mrs Universe 2017 အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတွင် မြန်မာမှ Mrs Brilliance 2017 Award ရရှိ

Mrs Universe 2017 အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတွင် မြန်မာမှ Mrs Brilliance 2017 Award ရရှိ

ရန်ကုန် ၊ စက်တင်ဘာ ၆ ။                ။ တောင်အာဖရိက နိုင်ငံတွင် စက်တင်ဘာ ၂ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် Mrs Universe 2017 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ကေခိုင်နှင်း သည် Mrs Brilliance 2017 Award (ထက်မြက်သည့်အိမ်ထောင်ရှင်အမျိုးသမီးဆု) ရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

Mrs Universe 2017 ပြိုင်ပွဲ သည် အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၈၀ကျော် ဝင်ရောက် ယှဉ်ပြိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်ကာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Style Plus H သင်တန်းကျောင်းမှ အသက် ၃၆ နှစ် အရွယ် ကလေးနှစ်ယောက် မိခင် ကေခိုင်နှင်းကို ရွေးချယ် စေလွှတ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲတွင် Mrs Universe 2017 Winner အဖြစ် ဗီယက်နမ်နိုင်ငံမှ ရရှိခဲ့ပြီး 1st runner up ကို Gabon နိုင်ငံ ၊ 2nd runner up ကို ပါကစ္စတန်  ၊ 4rd runner up ကို ပြင်သစ် တို့မှ ရရှိခဲ့ကာ မြန်မာနိုင်ငံမှ ဆန်ခါတင် အလှမယ် ၂၀ဦးထိ ဝင်ရောက်ခဲ့ပြီး Mrs Brilliance 2017 Award (ထက်မြက်သည့်အိမ်ထောင်ရှင်အမျိုးသမီးဆု) ရရှိခဲ့သည်။

အလှမယ် ကေခိုင်နှင်း ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ရန်အတွက် Catwalk training ကို Missosology မှ Pawee သင်ကြားပေးခဲ့ပြီး  Evening Gown ကို ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် ( Chic Pauk Collection) & FGM မှ ကူညီပေးခဲ့ပြီး  ပုဂံဝတ်စုံ နှင့် National Costume ကို Unique Fashion (မဇာ နှင့် အိချို) ၊ မြန်မာရိုးရာဝတ်စုံကို Royal Chaik &  Chit Phu တို့က ကူညီပေးခဲ့ကြသည်။

Mrs Universe 2017 အိမ်ထောင်ရှင် အလှမယ် ပြိုင်ပွဲကြီးကို သြဂုတ် ၂၆ရက်မှ စက်တင်ဘာ ၂ရက်နေ့ အထိ တောင်အာဖရိကနိုင်ငံ Durban မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း  ၈၄ နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင် ကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly