ကျန်းမာရေးအခြေအနေကြောင့် ရုရှား၌ဖျော်ဖြေမည့် ရှိုးပွဲ ၃ခုကို ရော်ဘီဝီလီယမ်ဖျက်သိမ်း

ကျန်းမာရေးအခြေအနေကြောင့် ရုရှား၌ဖျော်ဖြေမည့် ရှိုးပွဲ ၃ခုကို ရော်ဘီဝီလီယမ်ဖျက်သိမ်း

 

အင်္ဂလိပ်အဆိုတော် ရော်ဘီဝီလီယမ်သည် ကျန်းမာရေးအခြေအနေကြောင့် ရုရှားနိုင်ငံတွင် ဖျော်ဖြေရန်စီစဉ် ထားသော ရှိုးပွဲ ၃ခုကို ဖျက်သိမ်းခဲ့ရကြောင်း သူ၏ကိုယ်ရေးအရာရှိများက ပြောကြားခဲ့သည်။

ရော်ဘီဝီလီယမ်သည် စိန့်ပီတာစ်ဘတ်မြို့၊ မော်စကိုမြို့တို့နှင့် ဆိုချီမြို့ရှိ New Wave အဆိုပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားတို့တွင် ဖျော်ဖြေရန် စီစဉ်ထားသော်လည်း ယခုအခါ ဖျက်သိမ်းလိုက်ရပြီဖြစ်သည်။

Sunday Times နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရော်ဘီဝီလီယမ်က သူသည်စိတ်ကျရောဂါနှင့် အဆစ်ရောင်နာရောဂါတို့ကို တွန်းလှန်အံတုနေရကြောင်း ပြောဆိုခဲ့သည်။

သူက “ဒီအလုပ်ဟာ ကျနော့်ရဲ့ကျန်းမာရေးကို အလွန်ပဲထိခိုက်စေပါတယ်။ ကျနော့်ကိုသေစေနိုင်လောက်ပါ တယ်။ ဒါကြောင့်ကျနော် တခြားနည်းလမ်းကို ရွေးချယ်ဖို့ လိုအပ်လာပါပြီ” ဟု ပြောကြားခဲ့သည်။

ရော်ဘီသည် လွန်ခဲ့သောဇွန်လကတည်းက နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်လျက်ရှိပြီး လာမည့်နှစ် ဖေဖေါ်ဝါရီ လတွင် နယူးဇီလန်နိုင်ငံ၌ သီဆိုဖျော်ဖြေကာ နယ်လှည့်ပွဲများကို ပြန်လည်စတင်သွားရန် စီစဉ်ထားသည်။

သူ၏ကိုယ်ရေးအရာရှိများက အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် “ကျန်းမာရေးအခြေအနေ ကြောင့် စိန့်ပီတာစ်ဘတ်၊ မော်စကိုနဲ့ ဆိုချီမြို့မှာပြုလုပ်မယ့် The New Wave ပြိုင်ပွဲမှာ   ဖျော်ဖြေမယ့် အစီအစဉ် တွေကို ပယ်ဖျက်လိုက်ပါပြီ။ ရော်ဘီဝီလီယမ်ဟာ ယခုနွေရာသီမှာ ပရိသတ်ပေါင်း ၁.၁သန်းကို သီဆိုဖျော်ဖြေခဲ့ ပြီးပြီ ဖြစ်ပြီး လာမယ့် ၂၀၁၈ ဖေဖေါ်ဝါရီနဲ့ မတ်လတို့မှသာ ဖျော်ဖြေမှုများကို ပြန်လည်စတင်သွားမှာ ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly