မလေးရှား အတိုက်အခံပါတီက ၀န်ကြီးချုပ်နာဂျစ်ရာဇက်ကို တရားစွဲ

မလေးရှား အတိုက်အခံပါတီက ၀န်ကြီးချုပ်နာဂျစ်ရာဇက်ကို တရားစွဲ

ကွာလာလမ်ပူ၊ သြဂုတ် - ၁၂ ။         ။ မလေးရှား အတိုက်အခံပါတီတစ်ခုက ဝန်ကြီးချုပ် နာဂျစ်ရာဇက်နှင့် အကြွေးနွံနစ်နေသာ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ 1Malaysia Development Berhad (1MDB)တို့အား ရုံးတော်သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။

နာဂျစ်နှင့် 1MDBကုမ္ပဏီတို့ကို ရွေးကောက်ပွဲစည်းမျဉ်းချိုးဖောက်မှုများဖြင့် ရုံးတော်သို့ လျှောက်ထား တရားစွဲဆိုခဲ့သည်ဟု အကျဉ်းကျခံနေရသည့် အတိုက်အခံခေါင်းဆောင် အန်ဝါ အီဗရာဟင်၏ ပြည်သူ့တရားမျှတမှုပါတီ (PKR)မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် နာဂျစ်ရာဇက်က အကြံပေးဘုတ်အဖွဲ့တွင် ဥက္ကဌအဖြစ်ကြီးမှူးနေပြီး ကန်ဒေါ်လာ ၁၁ဘီလျံကျော် အကြွေးတင်နေသည့် 1MDBကို အဂတိလိုက်စားမှု၊ မှားယွင်းစွာ စံမံခန့်ခွဲမှုများဖြင့် စုံစမ်းစစ်ဆေးလျှက်ရှိသည်။

လွန်ခဲ့သည့်လက စုံစမ်းစစ်ဆေးရေးမှူးများက 1MDB၏ စီမံခန့်ခွဲမှုအမှားများကို စစ်ဆေးနေရင်းနှင့်မှ ကန်ဒေါ်လာ သန်း၇၀၀နီးပါးမှာ ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ စီးဝင်သွားသည်ကို တွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

သို့ရာတွင် မလေးရှား၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီက ပြီးခဲ့သည့်ရက်သတ္တပတ်က ပြောကြားချက်အရ နာဂျစ်၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲမှ ငွေများမှာ 1MDB မှ စီးဆင်းလာခြင်းမဟုတ်ဘဲ အရှေ့အလယ်ပိုင်းမှ အလှူငွေများဖြစ်သည်ဟု ဆိုသည်။

အတိုက်အခံပါတီကမူ ၂၀၁၃ခုနှစ် ရွေးကောက်ပွဲများအတွင်း နာဂျစ်ရာဇက်အသုံးပြုခဲ့သည့် ငွေမှာ ခွင့်ပြုပမာဏထက် ၂၆ဆမျှ ပိုနေသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly