ကွယ်လွန်သူ သရုပ်ဆောင်နည်းပြတစ်ဦးအား ရည်စူးဂုဏ်ပြုခဲ့ကြသည့် ဟုချ်ဂျက်မန်းနှင့် လေဒီဂါဂါ

ကွယ်လွန်သူ သရုပ်ဆောင်နည်းပြတစ်ဦးအား ရည်စူးဂုဏ်ပြုခဲ့ကြသည့် ဟုချ်ဂျက်မန်းနှင့် လေဒီဂါဂါ

 

ဟောလိဝုဒ်မင်းသားကြီးဟုချ်ဂျက်မန်းနှင့် ပေါ့ပ်အဆိုတော်လေဒီဂါဂါတို့သည် အသက် ၆၅နှစ်အရွယ်တွင် ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့သည့် သူတို့နှစ်ဦး၏ သရုပ်ဆောင်နည်းပြဖြစ်သူ အဲလီဇဘတ်ကမ့်အား ရည်စူးဂုဏ်ပြုခဲ့ကြသည်။

ပြီးခဲ့သော စနေနေ့က ဘော်စတွန်မြို့၌ ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲတစ်ခုတွင် လေဒီဂါဂါသည် သူမ၏ဆရာမ အတွက် သီချင်းတစ်ပုဒ်ကို ရည်စူးသီဆိုခဲ့သည်။

လာမည့် ၂၀၁၈ခုနှစ်တွင် ထွက်ရှိမည့် A Star is Born ရုပ်ရှင်အတွက် သရုပ်ဆောင်ပုံများ သင်ကြားပေးခဲ့သော သူမ၏ဆရာမဖြစ်သူ အဲလီဇဘတ်ကမ့်သည် စိတ်ဓာတ်ခိုင်မာသော၊ ဉာဏ်ပညာကြီးသော၊ တည်ငြိမ်သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း လေဒီဂါဂါက အမွှန်းတင်ပြောကြားခဲ့သည်။ ဒါ့အပြင် သူမအား သရုပ်ဆောင်နည်း များ သင်ကြားပေးခဲ့သည့်အတွက် ကမ့်ကိုကျေးဇူးတင်ကြောင်းနှင့် ကမ့်သည် သရုပ်ဆောင်လူငယ်များ အားကျ အတုယူဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟုချ်ဂျက်မန်းကလည်း “အဲလီဇဘတ်ကမ့်ရေ ခင်ဗျားနဲ့အတူသိကျွမ်းခဲ့ရပြီး အတူကုန်ဆုံးခဲ့ရတဲ့ အချိန်တွေ အတွက် တကယ့်ကိုအူလှိုက်သည်းလှိုက် ဂုဏ်ယူမိပါတယ်ဗျာ” ဟု တွစ်တာ၌ရေးသားကာ ဂုဏ်ပြုခဲ့သည်။ ဒါ့အပြင်သူသည် ဘော်စတွန်ရှိ ဖန်ဝေးပန်းခြံထဲ၌ ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲ၌ သူမအတွက် ရည်စူးသီဆိုခဲ့သော လေဒီဂါဂါ၏ သီချင်းဗီဒီယိုဖိုင်အား တွစ်တာ၌တင်ခဲ့သည်။

ကမ့်၏ကွယ်လွန်မှုအတွက် အခြားသောသရုပ်ဆောင်များကလည်း လူမှုမီဒီယာများမှတဆင့် ရည်စူးဂုဏ်ပြုမှု များ ပြုလုပ်ခဲ့ကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly