လိုက်ပါလာသူ ၂၉၈ယောက်စလုံးသေဆုံးခဲ့ရသည့် MH17 လေယာဉ်ပျက်ကျခဲ့ရာနေရာမှ ဒုံးကျည်အစိတ်အပိုင်း ဖြစ်ဖွယ်ရှိသည့် ပစ္စည်းများတွေ့ရှိ

လိုက်ပါလာသူ ၂၉၈ယောက်စလုံးသေဆုံးခဲ့ရသည့် MH17 လေယာဉ်ပျက်ကျခဲ့ရာနေရာမှ ဒုံးကျည်အစိတ်အပိုင်း ဖြစ်ဖွယ်ရှိသည့် ပစ္စည်းများတွေ့ရှိ

လန်ဒန်၊ သြဂုတ် - ၁၂ ။      ။ လေယာဉ်ကို ပစ်ချပြီး လိုက်ပါလာသူ ၂၉၈ယောက်စလုံး ကိုသေဆုံးစေခဲ့သည့် ဒုံးကျည်တစ်စင်း၏ ဖြစ်နိုင်ဖွယ် ရုပ်ပစ္စည်းသက်သေ အထောက်အထားကို အစိုးရရှေ့နေများ ကပထမဆုံးအကြိမ်အဖြစ် အတည်ပြုခဲ့ကြောင်း ကြေညာချက်တစ်ရပ် ထွက်ပေါ်လာခဲ့သည်။

''MH17 လေယာဉ်ပျက်ကျမှုမှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို ပိုသိစေနိုင်တာကြောင့် မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ပစ္စည်းအစိတ်အပိုင်းတွေကို အထူး စိတ်ဝင်စားနေပါတယ်''ဟု ၂၀၁၄ခုနှစ် ဇူလိုင်၁၇ရက် လေယာဉ်ပျက်ကျမှုကို နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုကို ခေါင်းဆောင်နေကြသည့် အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

အစိုးရရှေ့နေများက ဒုံးကျည်ဖြင့်ပစ်ခတ်မှုမှာ လေယာဉ်ပျက်ကြရသည့် အဖြစ်နိုင်ဆုံးအကြောင်းရင်းဟု ပြောခဲ့ကြဖူးသော်လည်း ဒုံးကျည်အစိတ်အပိုင်းများ ဖြစ်နိုင်ဖွယ်ရှိသည့် ပစ္စည်းများကို ပိုင်ဆိုင် ထားကြောင်းကိုမူ ယခင်က ထုတ်ဖော်ပြောကြားခဲဖူးခြင်း မရှိခဲ့ပေ။

သို့ရာတွင် MH17 လေယာဉ်ပျက်ကျမှုနှင့် ယခုတွေ့ရှိထားသည့်အစိတ်အပိုင်းများကြားတွင် အကြောင်းဆက်သွယ်မှုရှိသည်ဟု ကျိန်းသေကောက်ချက်မဆွဲနိုင်ကြောင်းလည်း အစိုးရရှေ့နေများ ကပြောကြား ခဲ့သည်။

ဒုံးကျည်အစိတ်အပိုင်းများဖြစ်ဖွယ်ရှိသည့် ပစ္စည်းများကို နောက်ထပ်စုံစမ်းစစ်ဆေးရန်အတွက် လက်နက်နှင့် မှုခင်းကျွမ်းကျင်သူများ၏ အကူအညီကို ရယူရလိမ့်မည်ဖြစ်ကြောင်းရှေ့နေများ အဖွဲ့၏ပြောရေး ဆိုခွင့်ရှိသူ ဝင်ဒီ ဘရူရင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required