အိမ်ထောင်မရှိဘဲ တစ်ကိုယ်တည်းနေရခြင်းမှာ ခက်ခဲကြောင်း အင်ဂျလီနာဂျိုလီဖွင့်ဟ

အိမ်ထောင်မရှိဘဲ တစ်ကိုယ်တည်းနေရခြင်းမှာ ခက်ခဲကြောင်း အင်ဂျလီနာဂျိုလီဖွင့်ဟ

 

ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီက ခင်ပွန်းဟောင်းဖြစ်သူ မင်းသားဘရက်ပစ်နှင့် ပြီးခဲ့သောနှစ်တွင် ကွာရှင်းခဲ့ပြီးကတည်းက သူမသည် ခက်ခဲသောအချိန်ကာလများကို ဖြတ်ကျော်နေရကြောင်း ဖွင့်ဟပြောဆိုခဲ့ သည်။

“တကယ့်ကိုခက်ခဲ့တဲ့ ကာလတစ်ခုပါပဲ။ ကျွန်မတစ်ကိုယ်တည်းနေရတာကို မကြိုက်ပါဘူး။ ဒါဟာ ကျွန်မလိုချင် တဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ ပြီးတော့ ကောင်းတာဆိုလို့ ဘာတစ်ခုမှလည်းမရှိပါဘူး။ တကယ်ကိုပဲ ခက်ခဲ လှပါတယ်” ဟု သူမက Telegraph သတင်းဌာနသို့ ပြောကြားခဲ့သည်။

သြစတြေးလျသတင်းဌာန Sydney Morning Herald နှင့်အတူ ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင်လည်း ဂျိုလီက သူမသည် ပြီးခဲ့သောနှစ်က သူမ၏ကလေးများကို ပြုစုစောင့်ရှောက်ရင်းသာ အချိန်ကုန်ဆုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။

“ကျွန်မဘဝမှာ လက်ရှိအချိန်ဟာ တကယ့်ကိုခက်ခဲတဲ့ကာလ မဟုတ်ပါဘူးလို့ ဟန်ဆောင်ပြီး မပြောချင်ပါဘူး။ ဒါပေမယ့် ဒီလိုကိစ္စဟာ လူ့ဘဝမှာကြုံတွေ့ရတဲ့ အရာတစ်ခုပဲလို့ ကျွန်မဖြေသိမ့်ပြီးတော့ ကျော်လွှားနိုင်ဖို့ ကြိုးစား နေပါတယ်” ဟု ဂျိုလီက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆက်လက်ပြီး “နောက်ဆုံးမှာတော့ အလုပ်တွေဖိလုပ်ရင်းနဲ့ပဲ ကျွန်မအဆင်ပြေသွားမှာပါ။ ဒါပေမယ့် ဒီကိစ္စဟာ မိသားစုအရေးဖြစ်တာကြောင့် တကယ့်ကို ခက်ခဲပြင်းထန်တဲ့ အချိန်ကာလကို ကျွန်မကြုံတွေ့ခဲ့ရပါတယ်” ဟု လည်း သူမက ပြောခဲ့သည်။

မင်းသမီးအဖြစ်မှ ဒါရိုက်တာအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်နေသော ဂျိုလီသည် ယခုလတွင် Netflix မှ အထူးပွဲ အနေဖြင့် ပြသမည့် First They Killed My Father ရုပ်ရှင်ကိုရိုက်ကူးထားခဲ့ပြီး ထိုရုပ်ရှင်အတွက် အင်တာဗျူး များ ဖြေကြားစဉ်တွင် ယခုလိုသူမ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly