မြန်မာ ယူ၁၈ နှင့် အင်ဒိုနီးရှား ယူ ၁၈ တို့ ပြိုင်ပွဲအား MRTV မှ တိုက်ရိုက်ပြမည်

မြန်မာ ယူ၁၈ နှင့် အင်ဒိုနီးရှား ယူ ၁၈ တို့ ပြိုင်ပွဲအား MRTV မှ တိုက်ရိုက်ပြမည်
ဓာတ်ပုံ-MFF

 

စက်တင်ဘာ ၅ ။              ။ ယနေ့ ညနေ ၆နာရီတွင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၈ အသင်းနှင့် အင်ဒိုနီးရှား ယူ ၁၈ အသင်းတို့ ယှဉ်ပြိုင်မည့်ပွဲစဉ်ကို MRTV နှင့် For Sports တို့မှ တိုက်ရိုက် ထုတ်လွင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Facebook Livestream အဖြစ် Pyone Play မှ ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) တွင် AFF U18 Championship 2017 ပြိုင်ပွဲ၏ အုပ်စု (ခ) ပွဲစဉ်များအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ ဖိလစ်ပိုင်အသင်းနှင့် ဘရူနိုင်းအသင်းတို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း ပွဲစဉ်ကို ညနေ (၆း၀၀) နာရီတွင်လည်းကောင်း၊ ဖိလစ်ပိုင်အသင်းနှင့် ဘရူနိုင်းအသင်းတို့ ပွဲစဉ်ကို ညနေ (၃း၀၀) နာရီတွင်လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်များအတွက် လက်မှတ်များကို နံနက် (၁၀း၀၀) နာရီမှ စတင်ပြီး ရောင်းချပေးလျက်ရှိပြီး လက်မှတ်ဈေးနှုန်းများအဖြစ် အထူးတန်း ၃၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်၊ ၁၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲများကို စက်တင်ဘာလ (၄) ရက်နေ့တွင် သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် စတင်ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲများအနက် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များကို For Sports ရုပ်သံလိုင်းနှင့် Pyone Play တို့မှ ၎င်း၊ မြန်မာအသင်း ကစားမည့် ပွဲစဉ်များကို MRTV ရုပ်သံလိုင်းမှ၎င်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly