အင်နီယေစတာ၊ အမ်မရီချန်နှင့် ဂိုရက်ဇ်ကာတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

အင်နီယေစတာ၊ အမ်မရီချန်နှင့် ဂိုရက်ဇ်ကာတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ
(ဓာတ်ပုံ - အီးပီအေ)

ဂျူဗင်တပ်စ်အသင်းဟာ ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား အင်နီယေစတာအပြင် လီဗာပူးလ်မှ အမ်မရီချန်၊ ရှော်လ်ကေးမှ ဂိုရက်ဇ်ကာတို့ကို လာမယ့် နွေရာသီမှာ အလွတ်ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများအရ သိရပါတယ်။

တူရင်အခြေစိုက် Tuttosport သတင်းစာအရ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ဒီရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အဆိုပါ ကစားသမား ၃ဦးကို စောင့်ကြည့်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၁ ခုနှစ်က အေစီမီလန်အသင်းမှ အသက် ၃၂ အရွယ် အီတလီကွင်းလယ်ကစားသမား ပီယာလိုကို စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အလွတ်ခေါ်ခဲ့တဲ့ နည်းလမ်းမျိုး အသုံးပြုကာ စပိန်ဝါရင့်ကွင်းလယ်ကစားသမား အင်နီယေစတာကို ခေါ်ယူဖို့ မျှော်လင့်နေကြောင်း ဖော်ပြထားပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အင်နီယေစတာဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ၎င်းက ယခုအချိန်ထိ အသင်းနှင့် သက်တမ်းတိုးပြုလုပ်ထားခြင်း မရှိသေးပေ။

ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေတဲ့ အသက် ၂၂ နှစ်ရှိ ဂိုရက်ဇ်ကာဟာ ရှော်လ်ကေးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းပယ်ထားတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ပိတ်ရက် နောက်ဆုံးနေ့က လီဗာပူးလ်အသင်းဟာ အမ်မရီချန်အတွက် ပေါင် ၂၃ သန်းနဲ့ ဂျူဗီတပ်စ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဆက်ထိန်းထားဖို့ ်ဆုံးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အမ်မရီချန်ဟာ ဇန်နဝါရီလမှာ ဂျူဗီတပ်စ်အသင်းနဲ့ အကြိုစာချုပ်ချုပ်ဆိုဖို့ အသင့်ဖြစ်နေပြီလို့လည်း သတင်းများအရ သိရပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required